ကဘူးလ်တိုက်ခိုက်မှု သေဆုံးသူ ၂၈ ယောက်ရှိ

kabul ဓာတ်ပုံ မူပိုင် Reuters
Image caption တာလီဘန် တွေ လက်ချက်လို့ ပြောဆို

အာဖဂန် နစ္စတန် မြို့တော် ကဘူးလ်မှာ အသေခံ တိုက်ခိုက်မှု တခုဖြစ်ခဲ့ပြီး သေဆုံးသူ ၂၈ ယောက် ရှိကာ ထိခိုက် ဒဏ်ရာရသူ စုစုပေါင်း ၃ဝဝ ကျော်ရှိတယ် လို့ အာဖဂန်နစ္စတန် က အစိုးရ အရာရှိတွေ က ပြောပါတယ်။

မျက်မြင် သက်သေ တယောက် ဖြစ်တဲ့ အာမက်နာဗစ် က ကျနော်အလုပ်လုပ်တုန်း ဝုန်း ကနဲ ပေါက်ကွဲသံကြီးကြားလိုက်ရတာပဲ။ ဖုန်မှုန့်တွေလည်း နေရာအနှံမှာ ဖုံးကုန်တယ်။ နောက်ခဏကြာလို့ မြင်လို့ရတော့ အပျက်အစီး တွေကို တွေ့လိုက်တာပဲလို့ ပြောပါတယ်။

ကားဗုံးတလုံး အရင် ကွဲပြီးမှ လက်နက်ကိုင်တွေ က ထိပ်တန်း နိုင်ငံရေး သမားတွေ ကို လုံခြုံရေး ပေးတဲ့ အထူးကာကွယ်ရေး အဖွဲ့ အခြေစိုက်ရာ မြို့လယ်က အစိုးရ အဆောက်အအုံ တခုထဲကို ဝင်သွားခဲ့တာပါ။

အခု သေဆုံးရသူတွေ အများစု က အရပ်သားတွေပါ။

တာလီဘန်တွေ က ဒါ သူတို့လက်ချက်လို့ ပြောနေပါတယ် ။

အရင်တပတ်ကပဲ တာလီဘန် တွေက သူတို့ နွေဦးပေါက် ထိုးစစ် ပြန်စမယ်လို့ ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ