နယူးယောက် သမ္မတလောင်း ရွေးပွဲ စတင်

_clinton_trump ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စစ် ကလင်တန် နဲ့ မစ္စတာ ထရမ့်တို့ နှစ်ဦး ဟာ လတ်တလော ပြည်နယ် ရွေးကောက်ပွဲ တွေ မှာ ရလာဒ်ကောင်းတွေ မရ ဖြစ်နေခဲ့။

အမေရိကန် ပြည်ထောင်စု ရဲ့ အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် နဲ့ ရီပတ်ဘလေကဲန် ပါတီတွေကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်းဖြစ်မလဲ ဆိုတာကို ပြည်နယ် အလိုက် ရွေးကောက်ပွဲ တွေ ပြုလုပ် နေတာမှာ အခုဆိုရင် နယူးယောက် ပြည်နယ် ပရိုင်မာရီ ကျင်းပ နေပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီကိုကြည့်ရင် နယူးယောက်ပြည်နယ် အတွက် အထက်လွှတ်တော် ဆီနိတ်တာ အမတ် တစ်ဦး ဖြစ်ခဲ့ ဟီလာရီ ကလင်တန်က ပြိုင်ဘက် ဘာနီ ဆဲန်ဒါးစ်ကို အနိုင်ယူမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ရီပတ်ဘလေကဲန် ပါတီ မှာလည်း သမ္မတ လောင်းဖြစ်ဖို့ ထိပ်က ပြေးနေတဲ့ ဒေါ်နယ် ထရမ့်က သူနဲ့ အနီးကပ်ဆုံး ပြိုင်ဘက် တက်ဒ်ခရုဇ်ကို အလွယ်တကူ နိုင်နိုင်တဲ့ အနေအထား ရှိတယ်လို့ သုံးသပ် နေကြပါတယ်။

သမ္မတလောင်း တွေ ဖြစ်ဖို့ ထိပ်က ပြေးနေကြတဲ့ မစ္စစ် ကလင်တန် နဲ့ မစ္စတာ ထရမ့်တို့ နှစ်ဦး ဟာ လတ်တလော ပြည်နယ် ရွေးကောက်ပွဲ တွေ မှာ ရလာဒ်ကောင်းတွေ မရ ဖြစ်နေခဲ့ကြ ပေမယ့်၊ အခု နယူးယောက် ပြည်နယ် ရွေးကောက်ပွဲ မှာ ပြိုင်ဘက်တွေ အပေါ် ပြတ်ပြတ် သားသားနဲ့ အကြီးအကျယ် အောင်ပွဲ ခံနိုင် ခဲ့ရင်တော့ သမ္မတလောင်း ဖြစ်ဖို့ သူတို့ ကြိုးစား နေတာတွေ ပြန်လည် အရှိန် ရလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ