အမေရိကန် ပါတီ သမ္မတလောင်း ရွေးပွဲ နယူးယော့မှာ ကျင်းပ

new_york ဓာတ်ပုံ မူပိုင် AFP
Image caption နယူးယော့က သမ္မတလောင်း အကြို မဲရွေးပွဲ

အမေရိကန်မှာ သက်ဆိုင်ရာပါတီတွေ အတွက် သမ္မတလောင်း ဘယ်သူ့ကို ရွေးကြမလဲ မဲထည့်ကြရာမှာ အခု နယူးယော့ ပြည်နယ်ကို ရောက်လာပါပြီ။

လူထုစစ်တမ်းမှာ ဒီမိုကရက် ပါတီ သမ္မတလောင်း ဖြစ်ဖို့ပြိုင်နေတဲ့ ဟယ်လာရီ ကလင်တန် က သူ့ပြိုင်ဘက် ဘန်နီ ဆန်းဒါး ထက် သာ နေပေမယ့် မစ္စကလင်တန် က တော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ် လို့ ပြောပါတယ်။

ရီပတ်ဘလီကန် ဘက်မှာ တော့ ဒေါ်နယ်ထရန့် က သူ နယူးယော့ ပြည်နယ် ကို ဘယ်လောက်ချစ်ကြောင်း ပြောရင်းမဲဆွယ်နေပါတယ်။

သူ့ပြိုင်ဘက် တက်ဇခရုစ် ဒီမှာ သိပ်အခြေအနေမကောင်းနိုင်ဘူးလို့ လဲ တွက်ဆနေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ