နယူးယောက် ပြည်နယ် က အမေရိကန် သမ္မတလောင်းတွေ ရွေးချယ်ပွဲ

us_primary ဓာတ်ပုံ မူပိုင် AFP
Image caption နယူးယောက် မဲပေးပွဲ က သမ္မတလောင်း တွေ အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲ

အမေရိကန်မှာ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေအတွက် သမ္မတလောင်း ဘယ်သူ့ကို ရွေးကြမလဲ မဲထည့်နေကြရာမှာ အခု နယူးယောက် ပြည်နယ်ကို ရောက်လာပါပြီ။

လူထုစစ်တမ်းမှာ ဒီမိုကရက် ပါတီ သမ္မတလောင်း ဖြစ်ဖို့ပြိုင်နေတဲ့ ဟယ်လာရီ ကလင်တန် က သူ့ပြိုင်ဘက် ဘန်နီ ဆန်းဒါး ထက် သာ နေပေမယ့် မစ္စကလင်တန် က တော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ် လို့ ပြောပါတယ်။

ရီပတ်ပလီကန် ပါတီ ဘက်မှာ တော့ ဒေါ်နယ်ထရန့် က သူ နယူးယောက် ကို ဘယ်လောက်ချစ်ကြောင်း ပြောရင်းမဲဆွယ်နေပါတယ်။

သူ့ပြိုင်ဘက် တက်ဇခရုစ် ဒီမှာ သိပ်အခြေအနေမကောင်းနိုင်ဘူးလို့ လဲ တွက်ဆနေကြပါတယ်။

ဒီသမ္မတလောင်း ရွေးချယ်ရေး အကြိုမဲထည့်ပွဲ ဟာ အရေးကြီးပြီး ဒီပွဲမှာ ဒီမိုကရက်တစ်ပါတီဘက် က ဟယ်လာရီ ကလင်တန်နိုင်ရင် သမ္မတလောင်း ဖြစ်ဖို့အတွက် အလားအလာ များပြီလို့ ပြောလို့ရသလို ရီဘတ်ပလီကန် ဘက် က ဒေါ်နယ်ထရန့် နိုင်တယ်ဆိုရင်လည်း ဒေါ်နယ်ထရန့် အတွက် အခြေအနေ ကောင်းသွားနိုင်တယ် လို့ မှန်းဆနိုင်တယ်လို့ ပြောကြပါတယ်။