မူးယစ်ဆေးဝါး ပြဿနာ ကို ချဉ်းကပ်မှု အသစ်ပြုလုပ်ဖို့ အထွေထွေ ညီလာခံမှာ ဆွေးနွေးမယ်

_drug_wars ဓာတ်ပုံ မူပိုင် BBC World Service
Image caption မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ရာမှာ ကျန်းမာရေး နဲ့ လူ့ အခွင့်အရေး ရှု့ထောင့် အမြင်တွေ အပေါ် ပိုပြီး အလေးပေးတဲ့ နည်းလမ်းမျိုး တွေဘက် ဆီ ရွှေ့ကြပါ။

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရေး အတွက် နည်းလမ်း နဲ့ မဟာဗျူဟာ တွေ အပေါ် အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြန်လည် သုံးသပ် ဖို့ ရှိနေပါတယ်။

ဒါဟာ အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ပြန်လည် သုံးသပ် ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။

၃ ရက်တာ အထွေထွေ ညီလာခံ မစတင်ခင် ကတည်းက လူပေါင်း ထောင်ကျော် လက်မှတ် ရေးထိုးပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွေ အပေါ် ပိုပြီး လွတ်လပ်တဲ့ အမြင်ရှိတဲ့ ချဉ်းကပ်မှု မျိုး ထားရှိဖို့ တောင်းဆို ခဲ့ကြရာမှာ မက္ကဆီကို၊ ကိုလံဘီယာ နဲ့ ဘရာဇီး စတဲ့ နိုင်ငံတွေ မှာ သမ္မတ တာဝန် ထမ်းဆောင် ခဲ့ကြဖူးသူတွေ လည်း ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

လက်ရှိ နည်းလမ်းတွေ မအောင်မမြင် ဖြစ်နေပြီး မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ရာမှာ ကျန်းမာရေး နဲ့ လူ့ အခွင့်အရေး ရှုထောင့် အမြင်တွေ အပေါ် ပိုပြီး အလေးပေးတဲ့ နည်းလမ်းမျိုး တွေဘက် ဆီ ရွှေ့ကြပါ ဆိုပြီး တောင်းဆို ထားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဆိုပြီး လက်ရှိ လုပ်ဆောင် နေကြတာတွေဟာ တကမ္ဘာလုံး အနှံ့ လူတွေ သန်းနဲ့ ချီပြီး အဖမ်း ခံ၊ ထောင်ချ ခံနေကြရ ပေမယ့် အဲဒီထဲက အများစုဟာ ဆင်းရဲသားတွေ၊ လူနည်းစုဝင်တွေ ဖြစ်နေကြပြီး တော်တော်များများ ဟာ ရန်လို အကြမ်းဖက်မှု မရှိတဲ့ အသေးအဖွဲ ပြစ်မှု မျိုးတွေ ကြောင့် ထောင်ချ ခံနေကြရတယ် လို့ အဲဒီစာထဲမှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ