အမေရိကန် သမ္မတအိုဘားမား ယူကေကိုရောက်ရှိ

အိုဘားမားနဲ့ဒေးဗစ်ကင်မရွန် ဓာတ်ပုံ မူပိုင် AFP
Image caption အိုဘားမားနဲ့ဒေးဗစ်ကင်မရွန်

တရားဝင် အလည်အပတ်ခရီးအဖြစ် အမေရိကန် သမ္မတအိုဘားမား ယူကေကို ဆိုက်ရောက်နေပြီး ဝန်ကြီးချုပ်ဒေးဗစ် ကင်းမရွန်းနဲ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂ ထဲမှာ ပဲ ဗြိတိန်နိုင်ငံ ဆက်လက်ရှိနေသင့် တယ်လို့ ဗြိတိန် က မဲဆန္ဒရှင်တွေ ကို အမေရိကန် သမ္မတ အိုဘားမား က ပန်ကြားလိုက်ပါတယ်။

ဥရောပ သမဂ္ဂ ထဲက ဗြိတိန် ထွက်မယ် ဆိုရင် အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်တဲ့နေရာမှာ ဖြစ်စေ၊ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ အကျပ်အတည်း နဲ့ စီးပွားရေး ပြဿနာတွေကိုဖြေရှင်း ဖို့ ကြိုးစားတဲ့နေရာမှာ အားနည်းသွားမယ် လို့ သူက ပြောတာ ကို ဒေလီးတယ်လီဂရပ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အီးယူက နေဗြိတိန်ထွက်သင့်တယ်လို့ ဆော်သြနေတဲ့ ဗြိတိန် ထိပ်တန်းနိုင်ငံရေး သမားတယောက် က အမေရိကန် သမ္မတ တယောက်အနေနဲ့ အခုလို ဗြိတိန်ကိစ္စမှာ မှတ်ချက်ဝင်မပေးသင့်ဘူးလို့ ဝေဘန် ပေမယ့် အိုဘားမား က သူ့မှာ ဒီကိစ္စအတွက် ဝင်ပြောပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အထူးဆက်ဆံဆောင်ရွက်တဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် သူ့ ကမှတ်ချက် ဝင်ပေးတာလည်း ဖြစ်တယ် လို့ အမေရိကန် သမ္မတ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ