အိုဟိုင်အိုမှာ မိသားစုလိုက် အသတ်ခံရ

ohio_shooting
Image caption သေဆုံးသူ အားလုံးဟာ မိသားစု တစ်ခုတည်းက သူတွေ ဖြစ်ပြီး ကလေး ၂ ဦး လည်း ပါဝင်။

အမေရိကန် ပြည်ထောင်စု အိုဟိုင်အို ပြည်နယ်ထဲမှာ လူ ၈ ဦး သေနတ်နဲ့ ပစ်သတ် ခံထားရတာ ကို တွေ့ခဲ့ရပြီး အပြစ်ပေး သတ်ဖြတ် ခံထားရတဲ့ ပုံစံ မျိုးတွေ နဲ့ သေဆုံး နေကြတာ ဖြစ်တယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

သေဆုံးသူ အားလုံးဟာ မိသားစု တစ်ခုတည်းက သူတွေ ဖြစ်ပြီး ကလေး ၂ ဦး လည်း ပါဝင် ပါတယ်။

ဆင်ဆင်နက်တီ မြို့ အရှေ့ပိုင်း ပိုက်ခ် ခရိုင် ကျေးလက် ဒေသက လမ်းမ တလျှောက် အလောင်း တွေ ကို ၄ နေရာ ခွဲပြီး တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ဘယ်လို အကြောင်းအပေါ် အရင်းခံ ပြီး အခုလို ဖြစ်ပွားခဲ့တာ လဲ ဆိုတာ ကို သိနိုင်ဖို့ ရဲတွေ ကြိုးစား နေကြသလို ပစ်ခတ် ခဲ့သူ ဒါမှမဟုတ် ပစ်ခတ်ခဲ့သူတွေဟာ အခု တွေ့ရတဲ့ အလောင်း တွေ ထဲ ပါဝင် နေသလား၊ ထွက်ပြေး လွတ်မြောက် နေကြသလား ဆိုတာ ကို လည်း ခွဲခြား ပိုင်းဖြတ် နိုင်ဖို့ လုပ်ဆောင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ