ဩစတြီးယား သမ္မတရွေးကောက်ပွဲမှာ လက်ျာစွန်းရောက် နောက်တဆင့်တက်

austria_election
Image caption လက်ျာစွန်းရောက် ဖရီးဒမ်း ပါတီ ရဲ့ ကိုယ်စားလှယ် နိုဘက် ဟိုဖာ။

ဩစတြီးယား သမ္မတ ရွေးကောက်ပွဲရဲ့ ပထမ အဆင့်မှာ လက်ျာစွန်းရောက် ဖရီးဒမ်း ပါတီ ရဲ့ ကိုယ်စားလှယ် နိုဘက် ဟိုဖာ အနိုင်ရလိုက် ပါတယ်။

ဒါ့ကြောင့် ရှေ့လ ကျရင် တသီးပုဂ္ဂလ သမား အလက်ဇ္ဒြာ ဗဲန်ဒါ ဘယ်လင် နဲ့ နှစ်ယောက် ချင်း ပြိုင်ရတော့ မှာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း ဩစတြီးယားမှာ သမ္မတ နေရာ ကို ပထမဆုံး အကြိမ် အဖြစ် ဗဟို လက်ဝဲ ဒါမှမဟုတ် ဗဟိုလက်ျာ သမားတွေထဲ က မဟုတ်သူ တစ်ဦး ရရှိ လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဩစတြီးယားမှာ သမ္မတဟာ ဂုဏ်ထူးဆောင် ရာထူးသာ ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာ ပိုင်စိုးသူ မဟုတ်ပါဘူး။

အစောပိုင်း တုန်းကလည်း ဩစတြီးယား နဲ့ အီတလီ ကြား ဘရဲန်နာ နယ်ခြား လမ်းကြောင်းမှာ လူ ၃၀၀ ဝန်းကျင်လောက် ရှိတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ ဆန္ဒပြသမားတွေ နဲ့ ဩစတြီးယား ရဲ တွေ အကြား ရုန်းရင်းဆန်ခတ် တွေ ဖြစ်ခဲ့ပြီး၊ ရဲတွေ က နံပါတ်ဒုတ်တွေ သုံးပြီး ဖြိုခွဲတာ၊ ငရုတ်ကောင်းရေ တွေ နဲ့ ပက်တာ မျိုးတွေ ပြုလုပ် ခဲ့ ပါတယ်။

ဒါဟာ ဘရဲန်နာ နယ်ခြား လမ်းကြောင်းမှာ ဩစတြီးယား ရဲတွေ နဲ့ ရွှေ့ပြောင်းသူ တွေ အကြား တစ်လ အတွင်း ဒုတိယ အကြိမ်မြောက် ထိပ်တိုက်ရင်ဆိုင် မှု တွေ ဖြစ်လာ ပြန်တာပါ။

ဥရောပ နိုင်ငံ တွေဟာ ဒုက္ခသည် တွေ ကို ဝင်ရောက်ခွင့် မပေးပဲ နယ်စပ် ဝင်ပေါက် ထွက်ပေါက် တွေ ကို ပိတ်ချ ထားတဲ့ အပေါ် ဆန္ဒပြကြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ