အင်္ဂလန် ဘောလုံးပွဲ လူသေမှု စီရင်ချက်ချ

Hillsborough ဓာတ်ပုံ မူပိုင် epa
Image caption ပိတ်ကျပ် တိုးဝှေ့ကြရင်း ပရိသတ်တွေ သေဆုံးခဲ့ရ

၁၉၈၉ ခုနှစ် က အင်္ဂလန် မြောက်ပိုင်း ရှက်ဖီးလ် က Hillsborough ဘောလုံးကွင်း မှာ ဘောပွဲကြည့်သူတွေ ပိတ်ကျပ် တိုးဝှေ့ကြရင်း လစ်ဗာပူး ပရိသတ် ၉၆ ယောက် သေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်ဆိုးဟာ တာဝန်ရှိသူတွေ ရဲ့ ပရိသတ် ကို ဂရုမစိုက် ခဲ့တာတွေ၊ ရဲတွေရဲ့ လူအုပ် ထိန်းသိမ်းမှု ချို့ယွင်းချက်တွေ စတဲ့ အကြောင်းတွေ ကြောင့် လူတွေ သေခဲ့ရတာ လို့ အင်္ဂလန် တရားရုံး တခုက ဧပြီ ၂၆ ရက်မှာ ဆုံးဖြတ် လိုက်ပါတယ်။

ဘောလုံး ပရိသတ်တွေ ရဲ့ အပြုအမူတွေ ကြောင့် ဒီအဖြစ်ဆိုး ဖြစ်ခဲ့ရတယ်လို့ အပြစ်တင်လို့ မရကြောင်း လည်း စစ်ဆေး စီရင်တဲ့ ခုံရုံး က ပြောပါတယ်။

ဒီ စုံစမ်း စစ်ဆေးမှု အဖြေကို နှစ်ရှည်လများ စောင့်ခဲ့ကြရတာပါ။

အခု ဆုံးဖြတ်ချက် ထွက်လာတဲ့ အခါ တရားရုံးထဲက ကျန်ခဲ့တဲ့ မိသားစု တွေ လည်း စိတ်လှုပ်ရှား စွာ ငိုကြွေးခဲ့ကြသလို တရားရုံး အပြင်ကနေ စောင့်မျှော် နေကြတဲ့ လူအုပ်ကြီး က လည်း ဆုံးဖြတ်ချက် ကို လက်ခုပ်တီး ပြီး ကြိုဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ