Salah Abdeslam ကို ပဲရစ် ပို့

Salah Abdeslam ဓာတ်ပုံ မူပိုင် BelgianFrench police
Image caption Salah Abdeslam ကို လုံခြုံတဲ့ အချုပ်မှာ ယာယီထားမယ်

နိုဝင်ဘာလ တုန်းက ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အသက်ရှင် ကျန်ရစ်တဲ့ အဓိက မသင်္ကာသူကို ပြင်သစ်နိုင်ငံ ကို ပြန်လည် လွှဲပြောင်း ပေးခဲ့ပါတယ်။

လုံခြုံမှု အစောင့် တင်းကျပ်စွာ ချထားပြီး Salah Abdeslam ကို ပဲရစ်ကို လေကြောင်းကနေ ပို့လိုက်တာ ဖြစ်ပါတယ်။

မကြာမီ သူ့ကို ပဲရစ်မှာ ပစ်ခတ် တိုက်ခိုက်လို့ လူပေါင်း ၁၃၀ ကျော် သေဆုံးရတဲ့ အမှုနဲ့ ဆက်စပ်ပြီး စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

သူ့ကို လေးလကြာ ရှာဖွေပြီး ပြီးခဲ့တဲ့ မတ်လတုန်းက ဘရပ်ဆဲလ်မှာ ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။

ပြင်သစ် တရားရေး ဝန်ကြီးက သူ့ကို စုံစမ်းစစ်ဆေးပြီးရင် ပဲရစ်ခရိုင်ထဲက လုံခြုံစိတ်ချရတဲ့ အချုပ်မှာ ယာယီထားမှာ ဖြစ်ပါတယ်။

အန္တရာယ်ရှိသူ တွေကို ဖမ်းဆီးထားရာမှာ လေ့ကျင့်ထားတဲ့ အမာခံ အစောင့်တွေကို သုံးသွားမှာဖြစ်တယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ