မြောက်ကိုရီယား ဒုံးကျည်စမ်းမှု ကုလ အရေးယူဖို့ပြင်

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား ရဲ့ လုပ်ရပ်တွေဟာ အခြေအနေတွေကို ဆိုးရွား စေ

မြောက်ကိုရီးယား နိုင်ငံက တာလတ်ပစ် ဒုံးကျည် ၂ စင်း ပစ်လွှတ် ခဲ့တဲ့ အပေါ်မှာ လုံခြုံရေး ကောင်စီ အနေနဲ့ အရေးယူဖို့ စဉ်းစား နေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ သံ အမတ်ကြီး က ပြောပါတယ်။

ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ ဘက် က တောင်းဆို ခဲ့တာကြောင့် လုံခြုံရေး ကောင်စီမှာ တံခါးပိတ် အစည်းအဝေး ကျင်းပ ခဲ့ပြီးနောက်မှာ တရုတ် သံ အမတ် ကြီး လျူဂျီယီ က ထုတ်ဖော် ပြောကြား လိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဒေသတွင်း လုံခြုံရေး ကို ထိခိုက် နိုင်ကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူ စတက်ဖန် ဒူဂျားရဇ် က ပြောပါတယ်။

မြောက်ကိုရီးယား ရဲ့ လုပ်ရပ်တွေဟာ အခြေအနေတွေကို ဆိုးရွား စေပါတယ်။ ရန်စ တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ နဲ့ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံတကာ စည်းကမ်း တွေကိုလည်း အလေးအနက် လိုက်နာဖို့ တိုက်တွန်း လိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံမှာ နောက်တစ်ပတ် ထဲ နှစ် ၄၀ နီးပါး ကြာ အောင် မကျင်းပ ဖြစ်ခဲ့တဲ့ အလုပ်သမား ပါတီ ညီလာခံ ကိုလည်း ကျင်းပ သွားမယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ