ဂျာမနီ လက်ျာစွန်းပါတီ ညီလာခံကို ဆန္ဒပြသူတွေ အဖမ်းခံရ

_afd_germany_protest
Image caption အစ္စလာမ် ဘာသာကို ပေါ်ပေါ်ထင် ထင်ဆန့်ကျင်တဲ့ မူဝါဒကို ဒီညီလာခံမှာ ချမှတ်လာ နိုင်တဲ့အတွက် ဒါကိုသဘော မတူသူတွေက ဆန့်ကျင် ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါ တယ်။

ဂျာမနီ နိုင်ငံ စတုဂတ် မြို့မှာ AFD လို့ ခေါ်တဲ့ လက်ျာစွန်း ပါတီ ရဲ့ ညီလာခံကို တားဆီးဖို့ လက်ဝဲ ဝါဒီ ရာပေါင်းများစွာက ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး လူတွေ ရာနဲ့ချီ အဖမ်း ခံခဲ့ရပါတယ်။

AFD ပါတီဟာ အစ္စလာမ် ဘာသာကို ပေါ်ပေါ်ထင် ထင်ဆန့်ကျင်တဲ့ မူဝါဒကို ဒီညီလာခံမှာ ချမှတ်လာ နိုင်တဲ့အတွက် ဒါကိုသဘော မတူသူတွေက ဆန့်ကျင် ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါ တယ်။

AFD ပါတီဝင် တချို့က မွတ်ဆလင် အမျိုးသမီးတွေ ခေါင်းမြီးခြုံတာ၊ ဗလီ ဝတ်ပြု ကျောင်း တွေမှာ မျှော်စင် ဆောက်တာ စတာ တွေကို တားမြစ်ဖို့ အပါအဝင် ဘုရားဝတ်ပြု တဲ့အခါ မှာလည်း အသံ ကျယ်ကျယ်လောင်လောင် မထွက်စေဖို့ လိုလား နေကြပါတယ်။

ဆန္ဒပြသူတွေက ညီလာခံ ကျင်းပမယ့် နေရာကို ကိုယ်စားလှယ်တွေ ဝင်မရ နိုင်အောင် ကားတာယာတွေကို ညီလာခံ အဆောက်အဦးရှေ့မှာ မီးရှို့ ခဲ့ကြပါတယ်။

တုတ်တွေ သံချောင်းတွေ ကိုင်ဆောင် ထားတဲ့ ဆန္ဒပြသူတွေကို ရဲက အဓိကရုဏ်း ဖြိုခွဲရေး လက်နက်တွေ အသုံးပြုပြီး တားဆီး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ