အီရတ်မှာ အစိုးရ ပြောင်းလဲဖို့ ရှီယား တွေ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ်မှာ ထောင်ဂဏန်းများစွာရှိတဲ့လူတွေက ဆန္ဒပြနေကြ

အီရတ်မှာ ထောင်ဂဏန်းများစွာရှိတဲ့ ရှီးယားမူဆလင် ဆန္ဒပြသူတွေဟာ အီရတ်ပါလီမန်ထဲအထိ ချင်းနင်း ဝင်ရောက်ပြီးဆန္ဒပြခဲ့ကြပါတယ်။

အစိမ်းရောင်ဇုံကို ကာထားတဲ့ အုတ်တံတိုင်းတွေကိုလည်း ချိုးဖျက်ဝင်ရောက်ခဲ့ကြပါတယ်။

အစိမ်းရောင်ဇုံဆိုတာကတော့ အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံတကာ သံရုံးတွေ ရုံးစိုက်တဲ့ အထူးလုံခြုံရေးဇုံဖြစ်ပြီး ၄ စတုရန်းမိုင် လောက်ကျယ်၀န်းတဲ့ နေရာ ဖြစ်ပါတယ်။

အီရတ်လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ ဖောက်ခွဲပြီး ဟန့်တားဖို့ကြိုးစားပါတယ်။

ဆန္ဒပြသူတွေဟာ သြဇာကြီးမားတဲ့ ရှီးယား ဘာသာရေးခေါင်းဆောင် မော့က် တာဒါ အယ်လ်ဆာဒါ ကိုထောက်ခံသူတွေ ဖြစ်ကြပါတယ်။

သူတို့ပြုပြင်ပြောင်းလဲရေးကို ငြိမ်းချမ်းစွာ နဲ့ ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက လက်ရှိ အစိုးရအဖွဲ့ကို သြဇာရှိသူ ပညာတတ်တွေနဲ့ အစားထိုးချင်နေကြတာပါ။

ပညာတတ်တွေနဲ့ အစားထိုးနိုင်ရင် လက်ရှိ လူတွေထက်တော့ အကျင့်ပျက် ခြစားတာတွေ သက်သာသွားလိမ့်မယ်လို့ သူတို့က မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ရှီးယားဘာသာရေးခေါင်းဆောင် မော့က် တာဒါ အယ်လ်ဆာဒါ ကလည်း လူထုနဲ့ပဲ သူရပ်တည်ကြောင်းနဲ့ တခြား ဘယ်သူ့ကိုမှ မထောက်ခံနိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲလိုသူ အနည်းငယ်ကလွဲပြီး ကျန်တဲ့ နိုင်ငံရေးသမားတွေ ကျွမ်းကျင်သူတွေအားလုံးကို သပိတ်မှောက်ကြောင်းနဲ့ ပွင့်လင်းမှု ရိုးသားဖြောင့်မတ်မှုကို လိုချင်ပါတယ်လို့ ပြောပါတယ်။

သူတို့က ပညာတတ်တွေနဲ့ အဲသလို အစားထိုးချင်ကြပေမယ့် လွှတ်တော်အမတ်တွေက တော့ လက်ရှိ နိုင်ငံရေးစနစ်ကို ထိန်းသိမ်း ထားခြင်းအားဖြင့် နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးသမားတွေ အားကောင်းနေတာကို လိုလားကြတာဖြစ်ပါတယ်။

ရဲအဖွဲ့ကတော့ သူတို့ဟာ လွှတ်တော်အဆောက်အဉီးထဲအထိ စီးနင်း ဝင်ရောက်ခဲ့ကြပေမယ့်လည်း သူတို့ကို အကြမ်းဖက်သူတွေလို့ မယူဆပဲ ဆန္ဒပြသူတွေလို့သာ ယူဆလက်ခံသေးတဲ့ အတွက် ပစ်ခတ်နှိမ်နင်းမှု မျိုးတွေလုပ်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ