ကင်ညာနိုင်ငံမှာ တိုက်အပျက်အစီးကြားက ၇လကလေးကိုကယ်နိုင်

ကင်ညာမှာ မိုးကြီးလို့ တိုက်ကြီးပြိုကျ
Image caption ကင်ညာမှာ မိုးကြီးလို့ တိုက်ကြီးပြိုကျ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ အဆောက်အဉီးပြိုကျပြီး လေးရက်မြောက်နေ့မှာပဲ အပျက်အစီးတွေကြားက အသက် ၇လသမီးတယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ကလေးငယ်ကိုစောင်နဲ့ပတ်ပြီးရေပုံးထဲမှာ ထည့်ထားတာတွေ့ရတယ်လို့ ကင်ညာ ကြက်ခြေနီအဖွဲ့ကပြောပါတယ်။

နာရီပေါင်း၈၀ကျော် ပိခံရတဲ့ကလေးဟာ ရေဓါတ်ခြောက်ခမ်းနေပေမယ့်ဒ ဏ်ရာသိပ်မတွေ့ဘူးလို့ဆိုပါတယ်။

သောကြာနေ့က မိုးသည်းထန်လို့ ၆ထပ်တိုက်ကြီးပြိုကြတဲ့ အတွက်လူ၂၃ယောက် သေဆုံးခဲ့ရပါတယ်။