ထရမ့်ကို သမ္မတလောင်း အနေနဲ့ မထောက်ခံ နိုင်သေးဘူးလို့ အောက်လွှတ်တော် ဥက္ကဌပြော

paul_ryan ဓာတ်ပုံ မူပိုင် Getty
Image caption ရီပတ်ဘလေကဲန်ပါတီ ရဲ့ မူဝါဒတွေ အတိုင်း လိုက်နာနိုင်မယ်လို့ သိသာစေတဲ့ လုပ်ရပ် တွေကို မစ္စတာ ထရမ့်ဘက်က ပြသရမယ်လို့ မစ္စတာ ရိုင်ယန်ပြော။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ရီပတ်ဘလေကဲန် ပါတီဝင် ပေါ်လ်ရိုင်ယန်က ဒေါ်နယ်ထရမ့်ကို ပါတီရဲ့ သမ္မတ လောင်း အနေနဲ့ လက်သင့်ခံဖို့ရာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ရီပတ်ဘလေကဲန်ပါတီ ရဲ့ မူဝါဒတွေ အတိုင်း လိုက်နာနိုင်မယ်လို့ သိသာစေတဲ့ လုပ်ရပ် တွေကို မစ္စတာ ထရမ့်ဘက်က ပြသ မလာမချင်း သူ့အနေနဲ့ မစ္စတာ ထရမ့်ကို ထောက်ခံ နိုင်မှာ မဟုတ်ဘူးလို့ မစ္စတာ ရိုင်ယန် က ဆိုပါတယ်။

ပါတီရဲ့ မူဝါဒတွေ အတိုင်း သွားပါမှလည်း လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန် ပြည်သူ အများရဲ့ မဲကို ဒေးနယ်ထရမ့် ရရှိ နိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ရိုင်ယန် က အမေရိကန် ရုပ်သံ သတင်းဌာန CNN ပေါ်မှာ ပြောခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း ရီပတ်ဘလေကဲန် သမ္မတဟောင်း နှစ်ဦး ဖြစ်တဲ့ ဂျော့ဘုတ်ရှ် သားအဖ နှစ်ဦး စလုံးက ဒေါ်နယ်လ် ထရမ့်ကို ထောက်ခံမှု ပေးမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ