ကနေဒါ တောမီးကြောင့် လူရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ

Image caption အိမ်ခြေ ၁ သောင်း ခြောက်ထောင်ကျော် မီးလောင်ပျက်စီးခဲ့

ကနေဒါနိုင်ငံမှာ မီးလောင်ကျွမ်းမှုကြောင့် တောမီးနဲ့ အနီးဆုံးဖြစ်တဲ့ Fort McMurray မြို့မှာ အိမ်ခြေ ၁ သောင်း ခြောက်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၈ သောင်း ၈ ထောင်ကျော်ကို အစိုးရအစီအစဉ်နဲ့ ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

ဟိုက်ဝေးကားလမ်းပေါ်မှာ လူတွေပိတ်ဆို့နေပြီး ရဲကား ၅၀ နဲ့ အလှည့်ကျ ကယ်ထုတ်ပေးနေရပြီး ဟိုက်ဝေးကားလမ်းနဲ့ မနီးတဲ့သူတွေကို လေယာဉ်ကွင်းတခုကနေလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေပါတယ်။

အလုပ်လုပ်ရာ နေရာကနေ အိမ်မပြန်နိုင်သေးဘဲ ကိုယ့်ကို ရွှေ့ပြောင်းပို့ဆောင်ပေးမယ့် အလှည့်ကို စောင့်နေတဲ့ ကနေဒါနိုင်ငံ wapasu စခန်းက ကိုချမ်းချမ်းက လောလောဆယ်မှာ မီးက တောင်ဘက် မှာ လောင်ကျွမ်းနေတယ်လို့ ပြောပါတယ်။

ရုပ်မြင်သံကြား သတင်းတွေ အရ တောမီးလောင်ကျွမ်းမှုက ၈ ဆခန့် ပိုမိုများပြားလာတယ်လို့ ကိုချမ်းချမ်းက ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကို လှမ်းမြင် နေရပြီး အခု နေထိုင် နေတဲ့ wapasu စခန်းမှာ မီးခိုးတွေ ဖုံးနေပါတယ်။

လောလောဆယ်မှာ တောမီးလောင်းကျွမ်းတဲ့ ဒေသတွေမှာ ကူညီဖို့ အစိုးရဘက်က စစ်တပ်ကို စေလွှတ်ထားပါတယ်။ လေယာဉ်တွေနဲ့မီးငြိမ်းသတ်ဖို့ ကြိုးစားနေရပါတယ်။

ရင်ဆိုင် နေရတဲ့ အခက်အခဲက လေတိုက်ရာ ဦးတည်ချက်က ခဏခဏ ပြောင်းလဲ နေတဲ့ အတွက်ကြောင့် မီးငြိမ်းသတ်ရာမှာ အခက်အခဲ ဖြစ်နေပါတယ်။

ရာသီဥတု ခြောက်သွေ့မှုကြောင့် မိုးကြိုးပစ်ရာက တောမီးလောင်ကျွမ်းမှုဖြစ်ကြောင်း ဒေသခံတွေကြားမှာ ပြောဆိုနေပါတယ်။

တောမီး လောင်ကျွမ်းမှုကြောင့် လူအများအပြားကို ကယ်ထုတ် ပေးနေရပြီး နေရာ ပြောင်းရွှေ့ ချထား ပေးမှုကိုလည်း ကနေဒါ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက် နေရပါတယ်။

မီတာ ၆၀ လောက် မြင့်တဲ့ မီးညွှန့် မီးတောက် တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ခတ္တ ရပ်နား ထားရတယ်လို့ ကနေဒါ ရဲတပ်ဖွဲ့ တာဝန် ရှိသူ တွေက ပြောပါတယ်။

တောမီး လောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် အခြားမြို့တွေကို သွားရောက်ဖို့ ကြိုးစား နေတဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ Fort McMurray မြို့ အပြင်မှာ ပိတ်မိ နေကြပါတယ်။

အယ်လ်ဘာတာ ဝန်ကြီးချုပ် ရေချယ် နော့လေး က တောမီးလောင်းကျွမ်းမှု နဲ့ ပတ်သက်ပြီး အင်မတန်မှ အန္တရာယ်ကြီးမား တဲ့ တောမီး လောင်ကျွမ်းမှုကို မီးသတ် သမားတွေဟာ ရင်ဆိုင် နေရတာ ဖြစ်ကြောင်းနဲ့ မီလောင်ကျွမ်းရာ ဒေသ က လူတွေ ဘေးကင်း လုံခြံရေး က အဓိက ဖြစ်ပြီး ဘယ်အချိန်မှာ သူတို့ နေထိုင်ရာ ကို ပြန်နိုင်မလဲ ဆိုတာ မသိနိုင်သေးဘူးလို့ ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ