မြောက်ကိုရီးယား အာဏာရ ပါတီ ကွန်ဂရက်

n korea ဓာတ်ပုံ မူပိုင် AP
Image caption ကွန်ဂရက် ကာလအတွင်း နျူကလီးယား နောက်ထပ် စမ်းသတ်မှုတခု လုပ်မယ်လို့လည်း ခန့်မှန်းနေကြ

မြောက်ကိုရီးယားက အာဏာရ ပါတီ ဖြစ်တဲ့ အလုပ်သမား ပါတီ က နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ပြန်ခေါ်လိုက်တဲ့ ကွန်ဂရက် ကို စတင် ကျင်းပနေပါတယ်။

ပြုံယမ်းမှာလုပ်တဲ့ ဒီ ကွန်ဂရက်ကို နိုင်ငံတဝန်း က ကိုယ်စားလှယ် ထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။

ပါတီခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ အာဏာ ကို ထပ်ပြီးအားဖြည့်လိုက်တဲ့ နိုင်ငံရေး ပွဲလည်း ဖြစ် ပါတယ်။

ဆစ်ဒနီမှာ ရှိတဲ့ နိုင်ငံတကာရေးရာ ပေါ်လစီ ဆိုင်ရာ လိုဝီအဖွဲ့ က ဒေါက်တာ ဂျီရုံဆွန် က ကင်ဂျုံအွန်း နဲ့ ပတ်သက်ပြီး အရင်နဲ့မတူ ထူးခြားတဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲတွေကို သူကြေညာနိုင်ပါတယ်၊ သူဟာ အရင်တုံးကတည်းက ကျေးလက်ဒေသနေ လူထုကို ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ခွင့်ပြုခဲ့တာမျိုးတွေ ရှိပါတယ်၊ အခုလောလောဆယ် တရုတ် ဗီယက်နမ် တို့လိုနိုင်ငံတွေမှာ စီးပွားရေးနဲ့ပတ်သက်လို့ လုပ်နေကိုင်နေတာတွေ၊ ၁၉၈၀ ပြည့် လွန် နှစ်တွေတုန်း က ဆိုဗီယက် ယူနီယံမှာ စီးပွားရေး မူဝါဒအပြောင်းအလဲလုပ်ခဲ့တာမျိုးတွေကို ကြည့်ပြီး လိုက် လုပ်လာနိုင်ပါတယ် လို့ ခန့်မှန်း သုံးသပ် ခဲ့ပါတယ်။

ကွန်ဂရက် လုပ်နေစဉ် ကာလအတွင်းမှာ ငါးကြိမ်မြောက် နျူးကလီးယား စမ်းသတ်တာကိုလည်း လုပ်ကြလိမ့်မယ်လို့ မှန်းဆ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ