ဘရာဇီးလ်သမ္မတကို တရားဝင် စစ်ဆေးမယ့် လုပ်ငန်းစဉ် နှောင့်နှေး

_dilma_rousseff ဓာတ်ပုံ မူပိုင်
Image caption အစိုးရ ငွေစာရင်းတွေ လိမ်လည် ပြသခဲ့တယ် ဆိုပြီး မစ္စရူးဆက်ဖ် အစွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံမှာ သမ္မတ ဂျီးလ်မားရူးဆက်ဖ် ကို ရာထူးကနေ ဖယ်ရှား နိုင်တဲ့ အထိ တရားဝင် စစ်ဆေး မေးမြန်းတဲ့ လုပ်ငန်းစဉ် စတင် လုပ်ဆောင်ဖို့ အကြီးအကျယ် နှောင့်နှေး သွားပြီ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို အထက် ဆီးနိတ်လွှတ်တော်မှာ စတင်ဖို့ရာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့တဲ့ ရလာဒ်အပေါ် အခု အောက်လွှတ်တော် ဥက္ကဌ အဖြစ် ယာယီ တာဝန်ယူလာရတဲ့ အဗာလ်ဒဲရ် မာရာန်ယောင်က ပယ်ဖျက်လိုက်ပြီး အောက်လွှတ်တော် အတွင်း ပြန်လည် မဲခွဲကြမယ်လို့ ပြောလာပါတယ်။

ဧပြီလ ရလာဒ်ကို ပြန်လည် စိစစ်ဖို့ ဘရာဇီး ရှေ့နေချုပ်က တောင်းဆိုခဲ့တာမှာ မစ္စတာ မာရာန်ယောင်ကလည်း အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဧပြီလ မဲခွဲ ခဲ့ကြတုန်းက လုပ်ဆောင်ခဲ့ပုံတွေမှာ အမှားအယွင်းတွေ ရှိခဲ့တယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ ရလာဒ်ကို ပယ်ဖျက် လိုက်တာ ဖြစ်ပါတယ်။

ဧပြီလ ရလာဒ်သာ မပျက်မပျယ် ရှိနေမယ် ဆိုရင် အထက် ဆီးနိတ် လွှတ်တော် အနေနဲ့ သမ္မတ ရူးဆက်ဖ် အပေါ် ကြားနာ စစ်ဆေး မလား ဆိုတာကို အခု သီတင်းပတ် ထဲမှာ မဲခွဲ ဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ