ဟစ်ဇဘိုလာခေါင်းဆောင် စျာပန ကို လူများစွာ တက်ရောက်

Badreddine ဓာတ်ပုံ မူပိုင်
Image caption အစ္စရေး က လုပ်ကြံခဲ့တာ လို့ စွပ်စွဲတာတွေ ရှိနေ

ဟစ်ဇဘိုလာ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ မူစတာဖာ ဘာထရက်ဒင်း ရဲ့ စျာပန ကို လက်ဘနွန်မြို့တော် ဘေရွတ်မှာလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

သူဟာ ဆီးရီးယားမှာ အဆင့်မြင့်တပ်မှူးတယောက်အဖြစ် တာဝန်ထမ်းဆောင်နေ တယ်လို့ သတင်းထွက်ခဲ့တဲ့ သူ ဖြစ်ပါတယ်။

မူစတာဖာ ဘာရက်ဒင်း လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတာ လို့ ဟစ်ဇဘိုလာ တို့က သောကြာနေ့ က ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက တော့ လက်ဘနွန် ပါလီမန် က ဟစ်ဇဘိုလာ အမတ် တယောက် ကသူ့ ကို အစ္စရေးတို့ က လုပ်ကြံခဲ့တာ လို့ ပြောပေမယ့် ဟစ်ဇဘိုလာ ဘက်က တော့ တရားဝင် စွပ်စွဲတာ မရှိသေးပါဘူး။