နိုင်ဂျီးရီးယား ဘိုကိုဟာရမ် အန္တရာယ်ပေးဆဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျား မှာ တိုက်ခိုက် ဖို့ အတွက် ဘိုကိုဟာရမ် က တပ်ဖွဲ့ဝင်တွေ စေလွှတ် ခဲ့

နိုင်ဂျီးရီးယား နိုင်ငံက ဘိုကိုဟာရမ် အစွန်းရောက် အဖွဲ့ နဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ တို့ အကြားမှာ ပတ်သက် ဆက်နွယ်မှု တွေ တိုးမြှင့် လာတဲ့ အတွက် စိုးရိမ် မိကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံမှာ ကျင်းပ နေတဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ညီလာခံ ကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး လက်ထောက် ဝန်ကြီး အန်သိုနီ ဘလင်ကန် က ဘိုကိုဟာရမ် အဖွဲ့ဟာ ဝါဒဖြန့်ချီမှုတွေ ကို ဆက်တိုက် လုပ်နေပါတယ်။ အဲဒါ တွေက IS အဖွဲ့ရဲ့ လုပ်ဆောင် ချက်တွေ အတိုင်းပဲ လို့ပြောပါတယ်။

ပြီးတော့ လစ်ဗျား မှာ တိုက်ခိုက် ဖို့ အတွက် ဘိုကိုဟာရမ် က တပ်ဖွဲ့ဝင်တွေ စေလွှတ် ခဲ့တာကိုလည်း တွေ့ ရတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ဟာ အနောက်အာဖရိက နဲ့ အာဖရိက အလယ်ပိုင်း ဒေသတွေ ရဲ့ တည်ငြိမ်အေးချမ်း ရေးကို နှောင့်ယှက်မှုတွေ လုပ်နေကြောင်း ကိုလည်း လုံခြုံရေး ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ ရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ