တရုတ်ယဉ်ကျေးမှုတော်လှန်ရေး နှစ် ၅ဝ ပြည့်

ဓာတ်ပုံ မူပိုင် china usa burma
Image caption မြန်မာ နိုင်ငံ အပေါ် ရိုက်ခတ်မှု ရှိခဲ့ တယ်လို့ သတင်းစာ ဆရာကြီး လူထု မောင်သစ်လွင်က ပြောပါတယ်

တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်းရေး မေလ ၁၆ ရက်နေ့မှာ နှစ် ၅၀ ပြည့်ခဲ့ ပါပြီ။ တရုတ် နိုင်ငံ အတွင်းမှာတော့ အနှစ် ၅၀ ပြည့် အခမ်း အနား ကျင်းပခြင်း တာမျိုး တရုတ် အစိုးရက ပြုလုပ် ခဲ့ခြင်း မရှိပါ။

၁၉၆၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာ တရုတ် ခေါင်းဆောင် မော်စီတုန်း က အစိုးရ အာဏာကို ပြန်ထိန်း ချုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ယဉ်ကျေးမှု တော်လှန်ရေး ဖြစ်ပွား ခဲ့ပါတယ်။

အရင်းရှင် ဘူဇွာ တွေကို တော်လှန်ကာ အလုပ်သမား လယ်သမား လူတန်းစားတွေ အတွက် ဆိုပြီး ကြွေးကြော် ခဲ့တာ ဖြစ်ပါတယ်။

ယဉ်ကျေးမှု တော်လှန်ရေးမှာ ဆူပူ အုံကြွ မှုတွေကြောင့် လူ တသန်း ကျော် သေဆုံး ခဲ့ရ သလို သန်းနဲ့ ချီတဲ့ လူတွေ ကိုလည်း ဖမ်းဆီး နှိပ်စက်ခဲ့ ပါတယ်။

ယဉ်ကျေးမှု တော်လှန်ရေး အစမှာ ယဉ်ကျေးမှု အဟောင်းတွေကို တိုက်ထုတ်ဖို့ တရုတ် ခေါင်းဆောင် မော်စီတုန်း က လူငယ်တွေကို တိုက်တွန်း ခဲ့ပါတယ်။

ဒီ တရုတ် ယဉ်ကျေးမှု တော်လှန်ရေးဟာ အဲဒီ အချိန်တုန်းက မြန်မာ နိုင်ငံ အပေါ် ရိုက်ခတ်မှု ရှိခဲ့ တယ်လို့ သတင်းစာ ဆရာကြီး လူထု မောင်သစ်လွင်က ပြောပါတယ်။

ယဉ်ကျေးမှု တော်လှန်ရေး နောက်ပိုင်း ၁၉၆၇ ခုနှစ် မှာတော့ မြန်မာ နိုင်ငံမှာ လည်း တရုတ် ဗမာ အရေး အခင်း တခု ဖြစ်ခဲ့ ပါတယ်။

ဒါဟာ အဲဒီ အချိန် တုန်းက ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ ကနေ အလုပ် သမား ပြဿနာကို တရုတ် ယဉ်ကျေးမှု တော်လှန်ရေး နဲ့ ရောထွေး အောင် လုပ်ခဲ့တာ လို့ ဆိုပါတယ်။

အခု အချိန် မှာတော့ မော်စီတုန်း ရဲ့ အရှိန် အဝါ တွေဟာ မရှိတော့ ဘူးလို့ လူထု မောင်သစ်လွင်က သုံးသပ် ပါတယ်။