နိုင်ဂျီးရီးယား Chibok မိန်းကလေး တစ်ယောက်ကို ကယ်တင်နိုင်

ဓာတ်ပုံ မူပိုင်
Image caption နိုင်ဂျီးရီးယား မိန်းကလေး ငယ် ၂၁၈ ယေက်ကို ၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ် အဖွဲ့က ဖမ်းဆီး သွားခဲ့

နိုင်ဂျီးရီးယား နိုင်ငံ ဘိုကိုဟာရမ် အစွန်းရောက် အဖွဲ့က ဖမ်းဆီး ခဲ့တဲ့ Chibok ဒေသက မိန်းကလေး တစ်ယောက်ကို ကယ်တင် နိုင်ခဲ့ပါတယ်။

Chibok ဒေသမှာ ရှိတဲ့ အလယ်တန်း ကျောင်း တစ်ခု ကနေ နိုင်ဂျီးရီးယား မိန်းကလေး ငယ် ၂၁၈ ယေက်ကို ၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ် အဖွဲ့က ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။

ကင်မရွန်း နိုင်ငံနဲ့ နယ်စပ် အနီးမှာ Amina Ali Nkeki ကို ဒေသန္တရ စေတနာ့ ဝန်ထမ်း လုံခြုံရေး အဖွဲ့ က ရှာဖွေ တွေ့ရှိ ကယ်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

စေတနာ့ ဝန်ထမ်း လုံခြုံရေး အဖွဲ့ထဲက တစ်ယောက်ဟာ Amina Ali Nkeki ကို သိရှိမှတ်မိပြီး ကယ်တင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Civilian Joint Task Force (JTF) လို့ ခေါ်တဲ့ စေတနာ့ ဝန်ထမ်း လုံခြုံရေး အဖွဲ့ဟာ အစ္စလာမ်မစ် အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့ကို တိုက်ဖို့ အတွက် အရပ်သား တွေ စုပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ