အိန္ဒိယမှာ စံချိန်တင် အပူချိန်မြင့်တက်

ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယ နိုင်ငံ ပြည်နယ် အတော်များများ မှာ ရာသီဥတု ပြင်းထန်တဲ့ အပူလှိုင်း ဒဏ်ကို ခံစားနေရ

အိန္ဒိယ နိုင်ငံ ရာဂျက်သန် ဒေသမှာ ၅၁ ဒီဂရီ စင်တီဂရိတ် အထိ စံချိန်တင် အပူချိန်မြင့်တက်မှု ဖြစ်ခဲ့ကြောင်း မိုးလေဝသ ဌာန တာဝန်ရှိသူက ပြောပါတယ်။

Phalodi ပြည်နယ်မှာ လည်း ရာသီဥတု ဆိုးရွားနေပြီး အိန္ဒိယ နိုင်ငံ ပြည်နယ် အတော်များများ မှာ ရာသီဥတု ပြင်းထန်တဲ့ အပူလှိုင်း ဒဏ်ကို ခံစားနေရပါတယ်။

အရင်တုန်းက စံချိန်တင် အပူဆုံး က ၅၀ ဒဿမ ၆ စင်တီဂရိတ် ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၉၅၆ ခုနှစ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသ အချို့မှာ အပူလှိုင်း ဒဏ်ကြောင့် ပြင်းထန် တဲ့ ရာသီ ဥတုကိုလည်း ကြုံတွေ့ နေရပါတယ်။

အိန္ဒိယ နိုင်ငံမှာ မိုးဦးရာသီမှာ အပူချိန် မြင့်တက်မှုတွေ ဖြစ်ပွားလေ့ ရှိပေမယ့် အခုလို အသက် အန္တရာယ် စိုးရိမ် ရတဲ့ အထိ စံချိန်တင် အပူချိန် မြင့်တက်ခဲ့မှုက ကြုံတောင့် ကြုံခဲ အခြေအနေ ဖြစ်ပါတယ်။

အပူချိန် မြင့်တက် မှုကြောင့် အပြင်မှာ သွားလာ နေထိုင် ဖို့တောင်မှ မဖြစ်နိုင်ကြောင်း အဆိုပါ ဒေသမှာ နေထိုင်သူ Murari Lal Thanvi, က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ