တူရကီ အမတ်တွေ တရားစွဲဆိုမှု ကင်းလွတ်တဲ့ ဥပဒေ ရုပ်သိမ်း

ဓာတ်ပုံ မူပိုင် EPA
Image caption အတိုက်အခံ တွေ ကို ပါလီမန်ထဲမှာမရှိအောင်လုပ်ဖို့ ဒီဥပဒေကိုရေးဆွဲတာလို့ စွပ်စွဲ

တူရကီနိုင်ငံမှာ ပါလီမန်အမတ်တွေကို တရားစွဲမှုက ကင်းလွတ်ဖို့ အကာအကွယ်ပေးတဲ့ ဥပဒေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကာ့ဒ်လိုလားတဲ့အမတ်တွေက အစိုးရဟာသူတို့ နဲ့ အခြား အတိုက်အခံ တွေ ကို ပါလီမန်ထဲမှာမရှိအောင်လုပ်ဖို့ ဒီဥပဒေကိုရေးဆွဲတာလို့ စွပ်စွဲကြပါတယ်။

HDP လို့ ခေါ်တဲ့ ပြည်သူ့ဒီမို ကရက်တစ် ပါတီဝင်တွေဟာ လက်နက်ကိုင်သူပုန်ထနေတဲ့ကာ့ဒ်တွေကိုထောက်ခံနေတယ်လို့ စွပ်စွဲခံ နေရတာကြောင့်သူတို့အပေါ်အရေးယူမှုတွေရှိလာနိုင်ပါတယ်။

တူရကီ အစိုးရဟာ PKK လက်နက်ကိုင် အဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

အခု ဥပဒေကို ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ အမတ်စုစုပေါင်း ၅၅၀ ထဲက ၃၇၆ ယောက်ဟာ ထောက်ခံမဲ ပေးခဲ့တာကြောင့် ဆန္ဒခံယူပွဲ လုပ်စရာ မလိုဘဲ အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌ အစ္စမေး ခါရာမန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ