ဆီးရီးယား က ရုရှ လေတပ်စခန်း ကို IS တိုက်ခိုက်

ဓာတ်ပုံ မူပိုင် Stratfor
Image caption ရုရှ လေတပ် စခန်းကို ဦးတည်ပြီး တိုက်ခိုက် တဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ရဲ့ လက်ချက်

ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား နိုင်ငံ က ရုရှ လေတပ်စခန်းမှာ ရဟတ် ယာဉ်တွေနဲ့ သယ်ယူ ပို့ဆောင်ရေး ကား အများအပြား မီးလောင်နေတဲ့ ပုံတွေ ထွက်ပေါ် လာပါတယ်။

မီးလောင်နေတဲ့ ဂြိုလ်တု ပုံတွေဟာ ရုရှ လေတပ် စခန်းကို ဦးတည်ပြီး တိုက်ခိုက် တဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ပုံတွေကို ထုတ်ပြန်ခဲ့တဲ့ Stratfor အမေရိကန် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ဘက်ကတော့ တိုက်ခိုက်မှု သတင်းကို ပြောကြားခြင်း မရှိပေမယ့် ရဟတ်ယာဉ်တွေနဲ့ ကားတွေ မီးလောင်ကြောင်း သတင်းကိုတော့ ထုတ်ပြန် ခဲ့ပါတယ်။

IS အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လောင်စာဆီ သိုလှောင်တဲ့ နေရာတွေကို ပါ ထိခိုက်မှုတွေ ရှိခဲ့ပြီး မီးလောင်မှုတွေ ပိုမိုများပြား လာတာ ဖြစ်နိုင်ကြောင်း စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

ဘီဘီစီက သီးခြားရရှိတဲ့ ဂြိုလ်တုကရိုက်ထားတဲ့ပုံတွေအရရုရှားတပ်ဖွဲ့တွေအသုံးပြုတဲ့ ဆီးရီးယားအလယ်ပိုင်းက လေတပ်စခန်းတခုအကြီးအကျယ်ပျက်စီးဆုံးရှုံးတာတွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အိုင်အက်စ်အစ္စလမ်စစ်သွေးကြွတွေလက်ချက်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ရုရှားဘက်ကတော့တစုံတရာထုတ်ဖေါ်ပြောကြားခြင်းမရှိပါဘူး။

အခုပေါ်ထွက်လာတဲ့ လေတပ် စခန်း မီးလောင် ဆုံးရှုံးမှုကို IS တို့နဲ့ဆက်စပ်နေတဲ Amaq ဆိုတဲ့ သတင်းဌာနက စဖေါ်ပြပြီး ဘာကြောင့် ပျက်စီး ဆုံးရှုံး ရတယ်လို့ပြောမထားပါဘူး။

အဲဒီရက်မှာပဲ IS တိုက်လေယာဉ် တစီးက တီဖိုးလို့ခေါ်တဲ့အဲဒီစခန်းကို Grad ဒုံး လက်နက်နဲ့ တိုက်ခိုက်တဲ့ပုံတွေထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး လုပ်ငန်းStrafor ဆိုတဲ့ ကုမ္ပဏီ က ဒီဂြိုလ်တုဓါတ်ပုံတွေထုတ်ပြန်တာဖြစ်ပြီး တိုက်ခိုက်မှုမလုပ်ခင်ကပုံတွေထဲမှာတော့ အဲဒီစခန်းမှာ စစ်ရဟတ်ယာဉ် ၄စီးနဲ့ထရပ်ကားအစီး၂ဝရပ်ထားတာတွေ့ရပါတယ်။

တိုက်ခိုက်ပြီးပုံတွေထဲမှာတော့ အဲဒီနေရာမှာ မီးလောင်ထား တဲ့ အမဲကွက်တွေပဲ ကျန်ပါတော့တယ်။

အချို့ပြောနေကြသလို ဒါဟာ မတော်တဆ ပေါက်ကွဲမှုမဖြစ်နိုင်ဘူးလို့ Straforမှ စစ်ရေးအကဲခတ် Sim Tak က ပြောပါတယ်။ ဒါဟာ IS လက်ချက်လို့ ယူဆ နိုင်ပြီး အခုလို ပျက်စီးအောင် တိုက်ခိုက် နိုင်တာကို IS ဘာကြောင့်တရားဝင်မကြေညာလည်းဆိုတာရှင်းရှင်းမသိရသေးပါဘူး။

အရင် တိုက်ခိုက်မှုတွေ ဆိုရင် သူတို့ဘက် ဗီဒီယို မှတ်တမ်း ရိုက်ထားပြီး ထုတ်ပြန်လေ့ရှိပါတယ်။

အခ ုလေတပ် မီးလောင် ပေါက်ကွဲ ပျက်စီး မှုဟာ မတော်တဆဖြစ်မှု လုံးဝ မဟုတ်သလောက်ပဲလို့ Strafor ဘက်ကဆိုထားပါတယ်။

အခု ရုရှား လေတပ် အကြီးအကျယ် ပျက်စီး ရုံမက အခုနေရာဟာ စစ်ရေးအရအချက်အခြာကျတဲ့အရေးကြီးတဲ့နေရာလည်းဖြစ်ပါတယ်။

ရုရှား ဘက်ကတော့ အခုချိန်ထိ ဘာမှ မပြောသေးပဲ စစ်သားတွေ သေဆုံးလား ဆိုတာလည်း မသိရသေးဘူးလို့ ဘီဘီစီ သတင်းထောက် ဂျိုးအင်ဝတ် က ပြော သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ