တောင်အဖရိကသမ္မတရဲ့ ဇနီးသည်တွေအတွက် ဇိမ်ခံကားတွေကို ပြည်သူ့ အခွန်ငွေတွေသုံး ဝယ်ထား

ဓာတ်ပုံ မူပိုင် AP
Image caption ပြည်သူတွေကို ဖြူကာပြာကာ ကျတဲ့ အထိ မစ္စတာ ဇူးမားက သွေးစုပ်နေတယ်လို့ အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်များ ပါတီက အပြစ်တင်။

တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ ၄ နှစ် အတွင်း အခွန်ထမ်း ပြည်သူတွေရဲ့ ငွေနဲ့ သမ္မတ ဂျက်ကော့ဘ် ဇူးမားရဲ့ ဇနီးသည် ၄ ယောက် အတွက် ဇိမ်ခံကား ၁၁ စီး ဝယ်ယူခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက် လာပါတယ်။

တောင်အာဖရိက ပြည်သူတွေကို ဖြူကာပြာကာ ကျတဲ့ အထိ မစ္စတာ ဇူးမားက သွေးစုပ် နေတာ ဖြစ်တယ်လို့ အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်များ ပါတီ က ပြစ်တင် ဝေဖန် ပါတယ်။

လာမယ့် ဩဂုတ်လထဲ ကျင်းပမယ့် မြူနီစီပယ် ရွေးကောက်ပွဲတွေ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ တောင်အာဖရိက ပါလီမန်ထဲ အတိုက်အခံတွေ ဘက်က မေးခွန်းတွေ ထုတ်လာကြရင်းသား အခုလို ဇိမ်ခံကား ကိစ္စ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ဆိုင်ရာ ဝန်ကြီး နကော်ဆီနားတီး နလဲကို ကတော့ အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ ဇနီးသည်တွေရဲ့ လုံခြုံရေး ကို အပြည့်အဝ အကာအကွယ် ပေးနိုင်ဖို့ အတွက် အဲဒီ့ ကားတွေ ပံ့ပိုး ပေးဖို့ လိုအပ်တယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ