EU မုန်းတီးရေးကို ဖျောက်နိုင်ဖို့ဆို စိတ်ကူး ယဉ်နေတာတွေ ရပ်ရမယ်

_eu_tusk
Image caption လက်တွေ့ တကယ် အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စ ချင်းရာတွေမှာ ပိုပြီး အာရုံစိုက် သင့်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ အပေါ် ဆန့်ကျင်တဲ့ အမြင်တွေ မြင့်တက် လာနေတာကို တိုက်ဖျက် နိုင်ဖို့ ဆိုရင် အီးယူ ဘက်ကလည်း လက်တွေ့မှာ တကယ် ဖြစ်နိုင်တာထက် ပိုပြီး ဥရောပ နိုင်ငံတွေ တစ်နိုင်နဲ့တစ်နိုင်ငံကြား ပေါင်းစည်းလို့ ရနိုင်တယ် ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်ကို စွန့်လွှတ်ဖို့ လိုမယ်လို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်လ် တုစ်က ပြောလိုက်ပါတယ်။

အီးယူ နယ်ခြားဝင်ပေါက်တွေကို ပိုပြီး လုံခြုံစေတာမျိုး၊ အီးယူ ဒေသကြီး တစ်ခုလုံးကို ပိုပြီး လွှမ်းခြုံနိုင်တဲ့ ဘဏ်စနစ် မူဝါဒ တစ်ခု အကောင်အထည် ဖော်တာမျိုး စတဲ့ လက်တွေ့ တကယ် အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စ ချင်းရာတွေမှာ ပိုပြီး အာရုံစိုက် သင့်တယ်လို့လည်း မစ္စတာတုစ်က ဆိုပါတယ်။

ဘရပ်စ်ဆဲလ်စ် မြို့တော်မှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတုန်း ဒေါ်နယ်လ် တုစ်က ပြောဆို ခဲ့တာ ဖြစ်ပြီး၊ တကယ်လို့ ဗြိတိန်သာ အီးယူ ထဲက ထွက်သွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်ရပ်တွေ အကြီးအကျယ် ပေါ်ပေါက် လာလိမ့်မယ် ဆိုပြီးတော့လည်း သတိပေး ခဲ့ပါတယ်။

ဒါ့အပြင် အီးယူကို ဖြိုခွဲဖို့ ကြံစည်နေသူတွေနဲ့ အပြိုင် ခွန်အားမွေး ကြဖို့၊ ကြိုးစား လှုပ်ရှား ကြဖို့လည်း မစ္စတာတုစ်က ဥရောပ ခေါင်းဆောင်တွေကို တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ