ကျားပေါက်စ အသေကောင်တွေ ထိုင်းမှာတွေ့

tiger ဓာတ်ပုံ မူပိုင် AFP
Image caption ကျားတွေကို ထိုင်းရဲက ရွှေ့ပြောင်း ခေါ်ဆောင်

ကျားကောင် ပေါက်စ အကောင် ၄ဝ ရဲ့ အသေကောင်တွေကို ထိုင်းဘုန်းကြီးကျောင်း တကျောင်းရဲ့ ရေခဲသေတ္တာ အအေးခန်းထဲမှာ တွေ့ရှိ ခဲ့ပါတယ်။

ကျားကျောင်းလို့ လူသိများတဲ့ ဒီကျောင်းကို ရဲနဲ့ သားရဲ တိရိစ္ဆာန် ကာကွယ်ရေး အရာရှိ တွေက ပြီးခဲ့တဲ့ တနင်္လာ နေ့က ဝင်စီးပြီး ကျားတွေကို ရွှေ့ပြောင်း ခေါ်ဆောင် သွားခဲ့ပါတယ်။

သားရဲ တိရစ္ဆာန် ရောင်းဝယ်မှုနဲ့ ကျားတွေကို ညှဉ်းပန်းမှုတွေ ရှိတယ် ဆိုပြီး ဒီကျောင်းကို အာဏာပိုင်တွေက ဝင်ဖမ်း ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ ကျားကျောင်း
ဘုန်းကြီးကျောင်း ပိတ်

ကန်ချနဘူရီ ခရိုင်က ဒီဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နေရာ တခုဖြစ်ပြီး အခုတော့ ပိတ်ထားလိုက်ပါပြီ။

"ဒီကျားသေတွေကို တန်ဖိုးရှိလို့ သိမ်းထားတာ ဖြစ်ရမယ်၊ ဘာအတွက် ဆိုတာ သေချာ မသိဘူး" လို့ ထိုင်း အမျိုးသား ဥယျာဉ် ဌာနက Adisorn Nuchdamrong က ပြောပါတယ်။

တခြား တိရိစ္ဆာန် အသေကောင် အပိုင်းအစတွေ ကိုလည်း ဘုန်းကြီးကျောင်းက ရေခဲသေတ္တာ ထဲမှာ တွေ့ခဲ့ရပါတယ် ။

ဝက်ဝံသေ တကောင်နဲ့ တိရိစ္ဆာန်အူတွေကို ပုံးတွေနဲ့ ထည့်ထားတာ တွေ့ခဲ့တယ်လို့ ထိုင်း သတင်းထောက် တယောက်က ပြောပါတယ်။

ဘုန်းကြီးကျောင်းက မွေးထားတဲ့ ကျား ၁၃၇ ကောင် အနက် အကောင် ၄ဝ ကို ထိုင်းရဲက ခေါ်သွားပြီ လို့လည်း သိရပါတယ်။

လူ တထောင်ပါတဲ့ အဖွဲ့ဖွဲ့ပြီး ဒီတပတ်လုံး ဆက်ထိန်းသိမ်း ရှာဖွေရေးတွေ လုပ်သွားမှာပါ။

၂ဝဝ၁ ခုနှစ်ထဲက ထိုင်းအာဏာပိုင်တွေက ဒီကျောင်းကို မသင်္ကာလို့ ရှာဖွေချင်ပေမယ့် ဘုန်းကြီးတွေ ဘက်က ငြင်းဆန် လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ