ယူရို ၂၀၁၆ ကာလ တိုက်ခိုက် ခံရနိုင်တဲ့ အချက်အပေါ် ပြင်သစ်သမ္မတ အသိအမှတ်ပြု

france_security ဓာတ်ပုံ မူပိုင် AP
Image caption ပြင်သစ် မြို့တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ကိုး သောင်း နေရာချ ထားပေးမယ်။

လာမယ့် သောကြာနေ့ ဆိုရင် ပြင်သစ်နိုင်ငံမှာ စတင် ကျင်းပ တော့မယ့် ယူရို ၂၀၁၆ ဘောလုံးပွဲ ကာလ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ကြုံတွေ့ လာရနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတဲ့ အချက် အပေါ် ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အသိအမှတ် ပြု ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် တိုင်းပြည် အနေနဲ့ ကြောက်ရွံ့ ထိတ်လန့်ပြီး မနေ သင့်ဘူးလို့လည်း မစ္စတာ အိုလော်န့်က ပြောပါတယ်။

ပြိုင်ပွဲ တွေ ကျင်းပမယ့် ပြင်သစ် မြို့တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ကိုး သောင်း နေရာချ ထားပေးမယ် လို့ သမ္မတ အိုလော်န့်က ပြင်သစ် ရေဒီယိုကနေ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ပဲရစ် မြို့တော် တိုက်ခိုက် ခံခဲ့ရပြီး ကတည်းက ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက် နိုင်ရတဲ့ အန္တရာယ် သတိပေး အဆင့်ကို အမြင့်ဆုံး ထားပြီး တပ်လှန့် ထားနှင့်ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ