ဘယ်လ်ဂျီယံ မှာ ရထားတိုက်မှု ဖြစ်ပွား

ဓာတ်ပုံ မူပိုင် AP
Image caption ဟာမဲ ဆူဝီး (Hermalle-sous_huy) မြို့မှာ ရထား တိုက်မှု ဖြစ်ပွား

ဘယ်လ်ဂျီယံမှာ ရထား တိုက်မှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံး ပြီး ၉ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

လက်ရှ် (Leige) မြို့နား က ဟာမဲ ဆူဝီး (Hermalle-sous_huy) မြို့မှာ ရထား တိုက်မှု ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်တွေ တင်ဆောင် လာတဲ့ ရထား က ကုန်စည် ပို့ဆောင်ရေး ရထား ရဲ့ နောက်ပိုင်း ကို ဝင်တိုက် ခဲ့တာ ဖြစ်တယ်လို့ ရထားလမ်း ဆောက်လုပ်ရေး ကုမ္ပဏီ အင်ဖရာဘဲလ် က ပြောပါတယ်။

ရထား ၂ စီး လုံး က ရထား လမ်း တစ်လမ်းထဲမှာ ရောက်နေခဲ့တာလို့လည်း အင်ဖရာဘဲလ် ဘက် က ပြောပါတယ်။

ခရီးသည်တင် ရထားရဲ့ ရှေ့ဆုံး တွဲဟာ ပျက်စီး သွားခဲ့ပြီး အခြားတွဲတွေလည်း ရထားလမ်းပေါ်ကနေ ချော်ထွက် ခဲ့တယ်လို့ မြို့တော်ဝန် က ပြောပါတယ်။

လက်ရှ် (Leige) မြို့ကနေ နာမိုး (Namur) မြို့ကို သွားတဲ့ ခရီးသည်တင် ရထား ပေါ်မှာ လူ ၄၀ ခန့် လိုက်ပါလာပြီး ကုန်တင် ရထား ကို တိုက်မိတဲ့ အချိန်မှာ တစ်နာရီ ကို မိုင် ၅၀ နှုန်း နဲ့ ခုတ်မောင်း နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ