ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ကလင်တန်ကို အိုဘာမားထောက်ခံ

Obama and Clinton
Image caption Obama and Clinton

သမ္မတ အိုဘားမားဟာ အမေရိကန် သမ္မတလောင်းရွေးပွဲမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှား လာပါပြီ။ သမ္မတ အိမ်ဖြူတော်ကို ဒီမိုကရက် ပါတီကနေ လက်လွတ် မဆုံးရှုံးရအောင် ဟီလရီ ကလင်တန်ကို အပြည့်အဝ ထောက်ခံတဲ့ ဗီဒီယိုတခု ထွက်လာပါတယ်။

အသေအချာ ထုတ်လုပ်ထားတဲ့ ကလင်တန်ကို ထောက်ခံတဲ့ ဗီဒီယိုကို ကြည့်ရင် အခုလို တရားဝင် ကြေညာဖို့ အချိန်ယူ ပြင်ဆင်ထားတယ်ဆိုတာ သိသာပါတယ်။

ပြိုင်ဘက် ဘာနီဆန်းဒါး ကတော့ ဝါရှင်တန် ပါတီအခြေခံ သမ္မတလောင်းရွေးပွဲမှာ ဆက်ပြိုင်မယ်လို့ ဆိုပေမယ့် ဒီမိုကရက် အများစုကတော့ တသံထဲ အမြန်ဖြစ်ကြဖို့ မျှော်လင့်နေပါတယ်။ ဆန်းဒါးက အိမ်ဖြူတော် အစည်းအဝေးနောက်ပိုင်း လေသံပြောင်းလာတာလည်း တွေ့ရပါတယ်။

မကြာမီ သူနဲ့ကလင်တန် တွေ့ပြီး ဒေါ်နယ်ထရမ့်ကို နိုင်အောင်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ လုပ်ကြပါမယ်လို့ ဆန်းဒါးက ပြောသွားပါတယ်။ သမ္မတ အိုဘားမားနဲ့ မစ္စစ် ကလင်တန်တို့ကတော့ လာမယ့် အပတ်မှာ ဝစ်စ်ကင်စင်ပြည်နယ်မှာ ပူးတွဲမဲဆွယ်ကြမှာဖြစ်ပါတယ်။

ဒီမိုကရက် တွေဘက်ကတော့ လာမယ့်ရွေးကောက်ပွဲရဲ့ အကြိတ်အနယ် ပြိုင်ရမယ့်နေရာဟာ စက်မှုလုပ်ငန်းတွေ ကျဆင်းနေတဲ့ ပြည်နယ်တွေမှာလို့မြင်ထားပါတယ်။ အခုတော့ ၁၉၉၈ ခုနှစ်ကစလို့ လူကြိုက်များပြီး အရှုတ် အရှင်းပြဿနာ မပေါ်တဲ့ ဒုတိယ သက်တမ်း တာဝန်ထမ်းနေတဲ့ သမ္မတ တယောက်ကိုယ်တိုင် သူ့ရဲ့အမွေအနှစ် ကျန်ရစ်အောင် ရွေးကောက်ပွဲမှာ ကြိုးစားပမ်းစား ပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ