ဆီးရီးယား မြို့တော်မှာ ဆက်တိုက် ဗုံးပေါက်

ဓာတ်ပုံ မူပိုင် AFP GETTY
Image caption အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာန တွေမှာ ပြောကြား

ဆီးရီးယား နိုင်ငံ မြို့တော် ဒမား စကတ်မှာ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၈ ယောက် သေဆုံး ခဲ့ရပြီး နောက်ထပ် လူအများ အပြားလည်း ဒဏ် ရာ ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု တစ်ခု က အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာန တွေမှာ ပြောကြား နေပါတယ်။

ဒမားစကတ် မြို့နားက ရှီယာ မွတ်စလင်တွေ နေထိုင်ရာ ဒေသ နဲ့ မနီးမဝေးမှာ ဗုံးပေါက်ကွဲမှု တွေ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ဘယ်သူ လုပ်ခဲ့သလဲ ဆိုတာ မသိရသေးပေမယ့် အစ္စလမ်မစ် အစွန်းရောက် IS တွေရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြားမှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ