ဖလူဂျာမြို့က အရပ်သားတွေ ထွက်ပြေးလာနိုင်အောင် လမ်းကြောင်း ဖန်တီး

_fallujah_
Image caption အစိုးရတပ်က ဖန်တီး ပေးတဲ့ လမ်းကြောင်းကနေ လူ ၄ ထောင် လောက် ထွက်ပြေး လာခဲ့ပြီး ဖြစ်။

အီရတ် နိုင်ငံ ဖလူဂျာ မြို့ထဲ ပိတ်မိနေတဲ့ အရပ်သားတွေ ထွက်ပြေး လာနိုင်အောင် အတော်အတန် ဘေးကင်း လုံခြုံတယ်လို့ ပြောနိုင်တဲ့ လမ်းကြောင်း တစ်ခု ဖန်တီး ပေးနိုင် ခဲ့ပြီလို့ အီရတ် အစိုးရ စစ်တပ်က ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ခိန်းချုပ် ထားတဲ့ ဖလူဂျာ မြို့ကို အီရတ် အစိုးရတပ်က ပြန်လည် ရရှိအောင် တိုက်ခိုက် နေပြီး မြို့ထဲမှာ အရပ်သားတွေ ပိတ်မိ နေတာ ဖြစ်ပါတယ်။

အစိုးရတပ်က ဖန်တီး ပေးတဲ့ လမ်းကြောင်းကနေ လူ ၄ ထောင် လောက် ထွက်ပြေး လာခဲ့ပြီး ဖြစ်တယ်လို့ စစ်ဘေး ဒုက္ခသည်တွေ အရေး ကူညီ နေသူတွေက ပြောပါတယ်။

IS တွေဟာ အရပ်သားတွေကို လူသားဒိုင်း အဖြစ် အသုံးချ နေတယ် ဆိုတဲ့ သတင်းတွေ ထွက် နေပြီး၊ ထွက်ပြေးဖို့ ကြိုးစား ကြသူတွေ အတွက်လည်း အင်မတန် အန္တရာယ် ကြီးနိုင်တယ် ဆိုတဲ့ စိုးရိမ်မှု တွေ မြင့်တက် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ