မာဆေး ခိုက်ရန် ဖြစ်ပွားမှု ရုရှ ၁၅၀ ကျော်ပါဝင်

ဓာတ်ပုံ မူပိုင် AP
Image caption ရှ လူမျိုးတွေဟာ အသေအချာ လေ့ကျင့် ပြင်ဆင် ထားတဲ့ လူတွေ ဖြစ်

ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ ဖြစ်ပွား ခဲ့တဲ့ ရုရှ အသင်း အားပေးသူတွေ နဲ့ အင်္ဂလန် အသင်း အားပေး သူတို့ ရဲ့ တိုက်ခိုက်မှုတွေမှာ ရုရှ လူမျိုး ၁၅၀ ပါဝင် ကြောင်း ပြင်သစ် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဗြိတိသျှ လူမျိုး ၅ ယောက်၊ ပြင်သစ် ၃ ယောက် နဲ့ ဩစတြီးယား ၁ ယောက် တို့ ကို ခိုက်ရန် ဖြစ်ပွား မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင် နေကြောင်း ပြင်သစ် အစိုးရ ရှေ့နေ ဘရိုက်စ် ရော်ဘင် က ပြောပါတယ်။

လောလောဆယ်မှာ ရုရှ လူမျိုး ၂ ယောက်ကို ဘောလုံးကွင်း အတွင်း ဝင်ရောက်မှု နဲ့ ဖမ်းဆီး ထား ပါတယ်။

ခိုက်ရန် ဖြစ်ပွား မှုတွေ အတွင်း လူ ၃၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး အဲဒီ အထဲ က ၆ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

မာဆေး မြို့မှာ အားပေးသူ အချင်းချင်း ခိုက်ရန် ဖြစ်ပွား မှုတွေ ကို ရဲတပ်ဖွဲ့က မီးသတ်ပိုက် နဲ့ မျက်ရေယို ဗုံးတွေ အသုံးပြုပြီး ဖြိုခွဲ ခဲ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ ရုရှ လူမျိုး ၂ ယောက်ကို ဘောလုံးပွဲ ကြည့်ရှုခွင့် ပိတ်ပင် ခဲ့ပြီး ရုရှ နိုင်ငံကို ပြန်ပို့ ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေမှာ ပါဝင် ခဲ့ကြတဲ့ ရုရှ လူမျိုးတွေဟာ အသေအချာ လေ့ကျင့် ပြင်ဆင် ထားတဲ့ လူတွေ ဖြစ်ကြောင်း ပြင်သစ် အစိုးရ ရှေ့နေ့က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ