တရုတ်ဘဏ်သူဌေး တယောက် ထောင်ထဲမှာ သေ

beijing ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ် စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အတူ ခြစားမှုတွေရှိ

တရုတ် နိုင်ငံမှာ အကျင့်ပျက် ခြစားမှုနဲ့ အရေးယူခံနေရတဲ့ ဘဏ် သူဌေးကြီး တယောက် ထောင်ထဲမှာ သေဆုံးသွားတယ်လို့ တရုတ် အစိုးရ သတင်း ဌာနတွေက ဖော်ပြပါတယ်။

သေသွားတဲ့ Tao Liming ဟာ တရုတ်ပြည်မှာ ပဉ္စမ အကြီးဆုံး ဘဏ်ဖြစ်တဲ့ စာပို့ စုငွေဘဏ်ကြီး ရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေး ကုမ္ပဏီ တခုကနေ ဒေါ်လာ တသန်းခွဲ ကျော် လာဘ်စားမှု၊ အာဏာ အလွဲသုံးစား လုပ်ပြီး အာမခံနဲ့ ချေးငွေ ထုတ်ပေးမှုတွေနဲ့ သူ့ကို ၂ဝ၁၂ ခုနှစ်ထဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Tao ရဲ့ အမှုကို လူကြားမှာ စစ်ဆေးတာ မရှိခဲ့ပါဘူး။

သူ့ကို ထောင်တသက် ပြစ်ဒဏ်ချမှတ် ထားတာကို အယူခံ ဝင်နေတုန်းမှာ သေဆုံးသွားတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ