ရုရှ သင်းကို ဆိုင်းငံ့ ထုတ်ပယ်

euro
Image caption မာဆေးမှာ ရုရှနဲ့ အင်္ဂလန် ပရိသတ်တွေ အချင်းများ

စနေနေ့က မာဆေးမြို့မှာ အင်္ဂလန် ဘောလုံးသင်း ပရိသတ်တွေနဲ့ ရုရှ ပရိသတ် တွေကြား ခိုက်ရန် ဖြစ်ပွားပြီး နောက် ယူရို ၂ဝ၁၆ ဘောလုံးပွဲက ရုရှ အသင်းကို ဆိုင်းငံ့ ထုတ်ပယ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

UEFA ဥရောပ ဘောလုံး အဖွဲ့ချုပ်က ရုရှ အသင်းကို ဒေါ်လာ တသိန်း ၇ သောင်း ဒဏ်ရိုက်ခဲ့ပါတယ်။

နောက်ထပ် ဘောလုံးကွင်းထဲမှာ ထပ်ပြီး ရန်ဖြစ်ရင် ထုတ်ပယ် ခံရမယ်လို့ UEFA က ဆိုပါတယ်။

ယူရို ၂ဝ၁၆ ဘောလုံးပွဲမှာ လာပြဿနာ ရှာတယ်လို့ ယူဆတဲ့ ရုရှ ဘောလုံး ပရိသတ် အများအပြားကိုလည်း ပြင်သစ် အစိုးရက နိုင်ငံက နှင်ထုတ် ဖို့ ပြင်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က မာဆေးမြို့မှာ ရုရှနဲ့ အင်္ဂလန် ဘောလုံး ပရိသတ်တွေ အဓိကရုဏ်း ဖြစ်ချိန်မှာ အနားက ဟိုတယ် တခုမှာ တည်းနေကြသူ ၂၉ ယောက်ထဲက လူတွေ ဖြစ်ပါတယ်။

ဒီလူတွေက ပြင်သစ် မြောက်ပိုင်းက လီလ် မြို့မှာ ရုရှနဲ့ ဆလို ဗက်ကီးယားတို့ ဗုဒ္ဓဟူးနေ့ ကစားမယ့် ပွဲကို သွားဖို့ ပြင်နေတယ် လို့လည်း ဆိုပါတယ်။

ယူရို ၂ဝ၁၆ ဘောလုံးပွဲ လုံခြုံရေး ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရက် ဒိုက်က UEFA ဥရောပ ဘောလုံး အဖွဲ့ချုပ်ကို စာရေးသား ပေးပို့ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ