နီပေါက အသက်အကြီးဆုံး ကျောင်းသား

kami ဓာတ်ပုံ မူပိုင် Reuters
Image caption ၁၄ နှစ် ၁၅ နှစ် တွေနဲ့ အတူ ပညာ သင်

အသက် ၆၈ နှစ် အရွယ် အဖိုး ဒူရ်ဂါ ကာမိက နီပေါမှာ အသက် အကြီးဆုံး ကျောင်းသား ဖြစ်ပါတယ်။ မြေးတွေ ရပြီးမှ သူကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆင်းရဲနွမ်းပါးမှုကြောင့် သူကလေးဘဝက ပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရပါဘူး။ အခုတော့ သူက ကျောင်းဆရာ တယောက် ဖြစ်ဖို့ ကြိုးစားနေပြီ လို့ ဆိုပါတယ်။

သူနေ့တိုင်း တုတ်ကောက်နဲ့ တနာရီကြာ လမ်းလျှောက်ပြီးမှ ကျောင်းတက်ရတာပါ။ အခု ၁၄ နှစ် ၁၅ နှစ်သား တွေနဲ့ အတူ သူ ၁ဝ တန်း မှာ ပညာ သင်ကြား နေပါတယ်။

" ဒီလို ကိုယ့်အဖေ အရွယ်ကို စာပြန်သင်ပေးရတာ ပထမဆုံး ပါပဲ "လို့ သူ့ကို သင်ပေးရတဲ့ ဆရာတွေက ပြောပါတယ်။

မစ္စတာ ကာမိမှာ သားသမီး ၆ ယောက်နဲ့ မြေး ၈ ယောက် ရှိပါတယ်။

သူ့ အတန်းဖော် တွေက သူ့ကို ဘ လို့ ခေါ်ပါတယ်။ နီပေါလို့ အဖေ လို့ အဓိပ္ပာယ် ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောင်းမှာ ကလေးတွေနဲ့ ဘောလီဘော အတူတူ ပုတ်

သူ့ အသက်အရွယ်နဲ့ မမျှ မစ္စတာ ကာမိက ဖျတ်လတ်ပါတယ်။ ကျောင်းမှာ ကလေးတွေနဲ့ ဘောလီဘော အတူတူ ပုတ်ပါတယ်။

"သူ့ဇနီး သေဆုံးပြီးနောက် အထီးကျန် ဘဝကို မေ့ဖျောက်ဖို့ သောကတွေ ပြေပျောက်ဖို့ သူ ကျောင်းပြန်တက်တာ "လို့ မစ္စတာ ကာမိက ပြောပါတယ်။

သူသေတဲ့အထိ ဆက်ပြီး စာသင်သွားမယ်လို့ အဖိုး ကာမိက ပြောပါတယ်။

သူ့လိုပဲ တခြား လူတွေလည်း အသက်အရွယ် ကို မေ့ထားပြီး ပညာ သင်စေချင်တယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ