MH370 ခရီးသည်တွေရဲ့ ပစ္စည်းပစ္စယ ဓါတ်ပုံတွေ

ဓာတ်ပုံ မူပိုင် BLAINE GIBSON
Image caption မာဒက်စကာ က ကမ်းခြေတစ်ခုမှာ လာရောက် သောင်တင် နေ

ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 က ခရီးသည်တွေရဲ့ ပစ္စည်းပစ္စယ ဓါတ်ပုံတွေ ကို စုံစမ်းမှုတွေ လုပ်နေတဲ့ သူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ခရီးသည်တွေရဲ့ ပစ္စည်း တွေဟာ မာဒက်စကာ က ကမ်းခြေတစ်ခုမှာ လာရောက် သောင်တင် နေတာ ဖြစ်ပြီး MH370 ပျောက်ဆုံးမှုကို လိုက်လံ စုံစမ်းနေတဲ့ အမေရိကန် အမျိုးသား တစ်ဦး က ဓါတ်ပုံ ရိုက်ယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BLAINE GIBSON
Image caption အမေရိကန် အမျိုးသား တစ်ဦး က ဓါတ်ပုံ ရိုက်ယူ ထားခဲ့

MH370 ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကို အဆိုပါ ဓါတ်ပုံတွေ ဟာ ခရီးသည်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဟုတ်မဟုတ် ကိုလည်း လာရောက် ကြည့်ကြဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်းပိုင် MH370 ခရီးသည်တင် လေယာဉ်ဟာ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်း မြို့ကို ပျံသန်း နေစဉ်မှ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ