ရောမမြို့ရဲ့ ပထမဆုံး အမျိုးသမီး မြို့တော်ဝန်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီမိုကရက်တစ် ပါတီက ပြိုင်ဘက် ရောဘတ်တိုး ဂျကက်တီး ကို သက်သောင့်သက်သာနဲ့ပဲ အနိုင် ရ

အီတလီ နိုင်ငံတဝှမ်း ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပ ခဲ့ပြီး မဲတွေ ရေတွက် ခဲ့ပြီးနောက် ဗာဂျီးနီးယား ရက်ဂီ က ပထမဦးဆုံး အမျိုးသမီး မြို့တော်ဝန် ဖြစ်လာပါတယ်။

ဗာဂျီနီယား ရက်ဂီဟာ ဒီမိုကရက်တစ် ပါတီက ပြိုင်ဘက် ရောဘတ်တိုး ဂျကက်တီး ကို သက်သောင့်သက်သာနဲ့ပဲ အနိုင် ရခဲ့တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

မစ္စ ရက်ဂီဟာ နိုင်ငံရေး အပါအဝင် လူမှုရေး၊ ဘောဂဗေဒ အရေးတွေမှာ တွင်ကျယ်နှင့်ပြီး အယူအဆတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်တွေ ကိုင်စွဲတဲ့ ကြယ်ငါးပွင့် လှုပ်ရှားမှုရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် ရဲ့ ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်ဟာ တူရင် မြို့ မြို့တော်ဝန် နေရာ အတွက် ဝင်ပြိုင် ရာမှာလည်း ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ