ယုလင်း ခွေးသားစားပွဲတော် စတင် ကျင်းပ

ဓာတ်ပုံ မူပိုင် Reuters
Image caption ယုလင်း ခွေးသားစား ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေ

တရုတ်ပြည် တောင်ပိုင်းက နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ ယုလင်း ခွေးသားစား ပွဲတော် ကို ကျင်းပနေပါတယ်။

တရုတ်ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ယုလင်း ခွေးသားစား ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ပွဲတော် အတွင်းမှာ ခွေး အကောင်ရေ တစ်သောင်း ကျော် အသတ်ခံရဖို့ ရှိပြီး ကြောင်တွေပါ သတ်ဖြတ် စားသုံးမှုကို ခံရဖို့ ရှိပါတယ်။

ယုလင်း ခွေးသားစား ပွဲတော်မှာ ခွေး နဲ့ ကြောင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တာကြောင့် ပွဲတော်ကို တားမြစ်ပေးဖို့ ပြည်တွင်းမှာရော ပြည်ပမှာပါ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။

ယုလင်း ပွဲတော် ပိတ်ဖို့ အတွက် လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ရာမှာ လူ ၁၁ သန်း ကျော်က ပွဲတော် ပိတ်ဖို့ လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ခွေး အကောင်ရေ တစ်သောင်း ကျော် အသတ်ခံရဖို့ ရှိပြီး ကြောင်တွေပါ သတ်ဖြတ် စားသုံးမှုကို ခံရဖို့ ရှိ

ခွေးသားစား ပွဲတော်ကို ကျောထောက် နောက်ခံ ပေးထားခြင်း မရှိတဲ့ အကြောင်း နဲ့ ကိုယ်ပိုင် စီးပွားရေး အဖြစ် လူတွေက လုပ်တာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရ တာဝန် ရှိသူ က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်း က တရုတ်၊ တောင်ကိုရီးယား နိုင်ငံတွေမှာ ဆောင်းရာသီ မရောက်ခင်မှာ လူတွေ ခန္ဓာကိုယ်ကို အပူပေး တဲ့ အနေနဲ့ ခွေးသားစားတဲ့ အလေ့အထ ရှိနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ပြည်က ယုလင်း ခွေးသားစား ပွဲတော် ကို စတင်ပြီး ကျင်းပလာတာ သိပ်မကြာ သေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ