လူမှောင်ခိုတွေနောက် အင်တာပို မလိုက်နိုင် ဖြစ်နေ

interpol_hq ဓာတ်ပုံ မူပိုင် Getty
Image caption လူမှောင်ခို တွေကို ပစ်မှတ်ထားပြီး လိုက်လံ ဖမ်းဆီး နေ။

လူမှောင်ခိုတွေလို့ သံသယ ရှိရတဲ့ လူ တစ်ရာကျော်ကို ဖမ်းဆီး နိုင်ဖို့ နိုင်ငံတကာ အဆင့် ပူးပေါင်း ဆောင်ရွက် နေပေမယ့် အခု အချိန် ထိတော့ အဲဒီ့သူတွေ ဘယ်မှာ ရှိနေလဲ ဆိုတာ ခြေရာခံလို့ မရနိုင်သေးဘူး ဆိုပြီး နိုင်ငံတကာ ရဲ တပ်ဖွဲ့ အင်တာပိုလ်က ပြောပါတယ်။

ဒါ့ကြောင့် အဲဒီသူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စ တစုံတရာ ရှိရင် သတင်းပေးကြပါ ဆိုပြီး အများပြည်သူထံ ပန်ကြားလွှာ ထုတ်ထားပါတယ်။

လူ အရေအတွက် ထောင် ဂဏန်း တချို့ ကို နယ်စပ် ဖြတ်ကျော် လူမှောင်ခို သွင်းပေးခဲ့ပြီး အကျိုးအမြတ် တော်တော်များများ ရရှိ ခဲ့သူတွေလို့ ယူဆရသူ ၂၆ ယောက်ကိုတော့ အင်တာပို ဖမ်းဆီး ထားပြီး ဖြစ်ပါတယ်။

အဲဒီ့ ဖမ်းဆီး ရရှိ ထားတဲ့ သူတွေထဲ ပြင်သစ်ကနေ လှေငယ်တွေနဲ့ လူတွေ သယ်ပြီး ဗြိတိန်ထဲ သွင်းပေး ခဲ့တဲ့ အယ်လ်ဘေးနီးယား ဂိုဏ်း အဖွဲ့လည်း ပါဝင်ပါတယ်။

ဆီးရီးယား နိုင်ငံက အများစု ဖြစ်တဲ့ ရွှေ့ပြောင်းသူ တစ်သန်းကျော် ဥရောပထဲ ပြီးခဲ့တဲ့ နှစ်က ဝင်ရောက် လာခဲ့တဲ့ နောက် အခုလို လူမှောင်ခို တွေကို ပစ်မှတ်ထားပြီး လိုက်လံ ဖမ်းဆီး နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ