လန်ဒန် စျေးကွက် စင်္ကာပူဘဏ် ပိုက်ဆံမချေး

london ဓာတ်ပုံ မူပိုင်
Image caption အီးယူက ခွဲထွက်ပြီးနောက် လှုပ်နေတဲ့ လန်ဒန် စျေးကွက်

စင်္ကာပူက အကြီးဆုံး ဘဏ်ကြီး တခု ဖြစ်တဲ့ ယူအိုဘီ ဘဏ်ကြီးက လန်ဒန် အိမ်ခြံမြေ စျေးကွက် အတွက် ပိုက်ဆံ ထုတ်မချေးတော့ဘဲ ဆိုင်းငံ့လိုက်ပါတယ်။

အီးယူ က ခွဲထွက်ခဲ့တဲ့ ဆန္ဒခံပွဲ အပြီး မတည်ငြိမ်မှု တွေ ရှိနေလို့ ဘဏ်က ငွေချေးပြီး အိမ်ဝယ်မယ့် သူတွေကို သတိပြု စေချင်ကြောင်း ယူအိုဘီ ဘဏ် က ဘီဘီစီကို ပြောပါတယ်။

မနှစ်က ဗြိတိန် အိမ်ခြံမြေ စျေးကွက်မှာ စင်္ကာပူ နိုင်ငံသားတွေက ထိပ်ဆုံးက ဝယ်တဲ့ စာရင်းမှာ ပါတယ် လို့ နိုက် ဖရန့် အတိုင်ပင်ခံ အဖွဲ့က ပြောပါတယ်။

အီးယူက ခွဲထွက်ဖို့ ဆုံးဖြတ် ခဲ့ပြီးနောက် ကမ္ဘာ့စျေးကွက် တခုလုံး ရိုက်ခတ် သွားခဲ့ပြီး ပေါင် စတာလင်စျေး အနှစ် ၃ဝ အတွင်း အနိမ့်ဆုံး ထိ ကျဆင်းသွားပြီး စင်္ကာပူ ဒေါ်လာကတော့ ဆယ်ရာခိုင်နှုန်းကျော် တန်ဖိုး တက်လာခဲ့ပါတယ်။

စင်္ကာပူက ဘဏ်ကြီး ၃ ခု အနက် ယူအိုဘီ က လန်ဒန် စျေးကွက်နဲ့ အများဆုံး ထိစပ်တဲ့ ဘဏ် ဖြစ်ပါတယ်။

စင်္ကာပူက အကြီးဆုံး ဒီဘီအက်စ် ဘဏ်ကတော့ ဆက်ထုတ်ချေးပေးနေပေမယ့် လန်ဒန် စျေးကွက်ကို သတိထားဖို့ ငွေချေးသူတွေကို အသိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ