ဟီဘရွန်မြို့ကို အစ္စရေး ပိတ်ဆို့

_israel_palestine_hebron
Image caption အစ္စရေး စစ်သား နောက်ထပ် ရာချီပြီး ဟီဘရွန်မှာ နေရာချ။

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသက ဟီဘရွန်မြို့မှာ လူ အသေအပျောက် ဖြစ်ခဲ့တဲ့ အထိ တိုက်ခိုက်မှုတွေ ၂ ရက်ကြာ ဖြစ်ပေါ် လာခဲ့တဲ့နောက် အခုဆိုရင် တမြို့လုံးကို အစ္စရေး အစိုးရက ပိတ်ချ လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အစ္စရေး စစ်သား ရာဂဏာန်း တချို့ကိုလည်း ဟီဘရွန်မြို့မှာ နေရာ ချထားလိုက်ပြီး ပါလက်စတိုင်း အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးရမယ့် အခွန် ငွေတွေကိုလ ည်း လွှဲ မပေးပဲ ထိန်းချုပ် လိုက်ပါတယ်။

ပါလက်စတိုင်း သေနတ်သမား တစ်ဦးရဲ့ လက်ချက်နဲ့ အစ္စရေး အမျိုးသား တစ်ဦး သေဆုံးပြီး၊ သူ့ရဲ့ ဇနီးသည်နဲ့ ကလေး နှစ်ယောက် ဒဏ်ရာ ရခဲတဲ့နောက် အခုလို အခြေအနေ မျိုး ဖြစ်ပေါ် လာတာပါ။

ကြာသပတေး နေ့ တုန်း ကလည်း ဂျုး အခြေစိုက် အိမ်ယာ တစ်ခုမှာ ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း တစ်ဦးက ဓားနဲ့ ထိုး တိုက်ခိုက် ခဲ့လို့ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံသား ခံယူထားတဲ့ ၁၃ နှစ် အရွယ် မိန်းကလေး တစ်ဦး နေအိမ် အိပ်ခန်းထဲမှာပဲ သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ