အခွန်ရှောင်မှုနဲ့ မက်ဆီ ထောင် ၂၁လ ပြစ်ဒဏ် ချခံရ

ဓာတ်ပုံ မူပိုင် epa
Image caption နိုင်ငံတကာ အဆင့် ဆုတွေ အများကြီး ဆုခူးခဲ့တဲ့ မက်ဆီ

ဘာစီလိုးနား တိုက်စစ်မှူး လီယိုနယ် မက်ဆီကို အခွန်ရှောင်မှုနဲ့ စပိန် တရားရုံးကထောင် ၂၁လ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ဒဏ်ကြေး ဒေါ်လာ နှစ်သန်း ကျော် ကိုလည်း ပေးဆောင်ရဖို့ ရှိပါတယ်။

သူ့ဖခင် ကိုလည်း ထောင်ဒဏ်ချမှတ်ကာ ဒေါ်လာ ၁.၇ သန်းပေးဆောင်ဖို့ အပြစ်ပေးခံ ခဲ့ပါတယ်။

စပိန် ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်အောက် ဆိုရင် ထောင်ထဲမှာ မဟုတ်ဘဲ အပြင်မှာနေကာ စည်းကမ်းဖောက်ဖျက်မှု ရှိမရှိ စောင့်ကြည့် ကာလ အဖြစ် နေရလေ့ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ သားအဖ နှစ်ယောက်လုံး ထောင်ထဲ မနေရဘဲ အထက်ပါ အတိုင်း ဆိုင်းငံ့ ပြစ်ဒဏ်သာ ခံရဖို့ ရှိနိုင်ပါတယ်။

မက်ဆီနဲ့ သူ့ဖခင်ဟာ ပင်လယ်ရပ်ခြားမှာ ငွေစာရင်းတွေ ဖွင့်ပြီး ဒေါ်လာ သန်းပေါင်းများစွာ အခွန် လိမ်လည်ခဲ့တယ် ဆိုပြီး စပိန် အခွန် အရာရှိတွေက တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ