ကမ္ဘာ့အသေဆုံး ရောဂါတွေထဲ အသည်းရောင်ပါဝင်

hospital
Image caption မြန်မာနဲ့ အာရှ တိုင်းပြည်တွေမှာ အသည်းရောဂါ အဖြစ်များ

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန် လိုက်တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ အသည်းရောင် ရောဂါ ပါဝင်ပါတယ်။

အသည်းရောင် ရောဂါနဲ့ သေဆုံးသူ အရေအတွက်ဟာ AIDS ၊ တီဘီ ရောဂါတွေနဲ့ သေသူ အရေအတွက်နဲ့ နီးပါးလိုက်တယ်လို့ လန်းဆတ် ဆေးပညာ ဂျာနယ်က သုတေသန ဆောင်းပါး တစောင်မှာ ပါပါတယ်။

ရောဂါ ကာကွယ်ဆေးတွေ ပေါ်လာပြီး ကုထုံးတွေ ကောင်းမွန်တိုးတက် လာပေမယ့် ၂ဝ၁၃ ခုနှစ် တနှစ်ထဲမှာပဲ အသည်းရောင် ရောဂါနဲ့ နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သေသူ ၁.၄၅ သန်း ရှိတယ်လို့ သိရပါတယ်။

၂ဝ၁၄ မှာ AIDS နဲ့ သေသူ ၁.၂ သန်း ရှိပြီး တီဘီကြောင့် လူ တသန်းခွဲ သေဆုံးခဲ့ရပါတယ်။

ဒီရောဂါ ပြဿနာဟာ အရှေ့ အာရှမှာ အကြီးမားဆုံး ဖြစ်ပါတယ်။

ရောဂါ ကာကွယ်ဆေး ထိုးမှု အစီအစဉ်တွေ တိုးချဲ့ဖို့၊ မိခင်က ကလေးကို ကူးစက်တာ တားဆီးဖို့ နဲ့ ဘီနဲ့စီ အသည်းရောဂါရှင်တွေကို ကုသမှုတွေ ပိုမိုပေးဖို့ လိုအပ်တယ်လို့ WHO က ပြောပါတယ်။

ကုထုံးတွေ ကောင်းလာပေမယ့် ဒါကို အမီလိုက်ဖို့ ဆေးဝါးစရိတ်တွေ ကြီးမြင့်နေတာက အဓိက အကြောင်း ဖြစ်နေပါတယ်။

၂ဝ၂ဝ မှာ ရောဂါရှင်သစ် တွေ့ရှိမှု ၃ဝ ရာခိုင်နှုန်း လျော့ကျပြီး သေဆုံးမှု ၁ဝ ရာခိုင်နှုန်းထိ လျော့အောင် ကြိုးစားမယ်လို့ WHO က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ