ဆားဘီယားနဲ့ နယ်စပ်မှာ ဟန်ဂေရီ တပ်ဖွဲ့ဝင် တစ်သောင်း ချထား

_migrant_police_hungary ဓာတ်ပုံ မူပိုင် Reuters
Image caption ဘောလ်ကန် ဒေသ နိုင်ငံတွေ ကို ဖြတ်သန်း လာတဲ့ ရွှေ့ပြောင်းသူ တွေ သီတင်း တစ်ပတ်ကို အယောက် တစ်ထောင် လောက် ရှိနေဆဲ။

ဟန်ဂေရီ နိုင်ငံ တောင်ဘက်၊ ဆားဘီးယားနဲ့ နယ်ခြား ဒေသမှာ ရဲနဲ့ စစ် တပ် အဖွဲ့ဝင် အားအား တစ်သောင်း ချထား လိုက်တယ် ဆိုပြီး ဟန်ဂေရီ အစိုးရက ကြေညာ ပါတယ်။

နိုင်ငံတွင်း တရားမဝင် လူဝင်ရောက်မှုကို တားဆီး နိုင်ရေး အတွက် နယ်စပ် ဝင်ပေါက် ထွက်ပေါက် အားလုံးကို လုံးဝ ပိတ်ပစ် နိုင်ဖို့ အခုလို ပြုလုပ် ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လောလောဆယ် အခြေအနေ မှာတော့ ဘောလ်ကန် ဒေသ နိုင်ငံတွေ ကို ဖြတ်သန်း လာတဲ့ ရွှေ့ပြောင်းသူ တွေ သီတင်း တစ်ပတ်ကို အယောက် တစ်ထောင် လောက် ဩစတြီးယား နိုင်ငံထဲ ရောက်လာ နေကြဆဲ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ၊ ဩစတြီးယား နိုင်ငံ က လက်ျာစွန်း သမ္မတ လောင်း ဖြစ်တဲ့ နိုဘက် ဟိုဖာက သူ့ တိုင်းပြည်ကို ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲက ထွက် မသွား စေချင် ဘူးလို့ ပြောပါတယ်။

ဒါဟာ မစ္စတာ ဟိုဖာ ရဲ့ ရပ်တည်ချက် သဘောထား ပျော့ပြောင်း လာတာ ဖြစ်ပါတယ်။

အီးယူ ထဲကနေ ဗြိတိန် နှုတ်ထွက် သွား ခဲ့တုန်းက မစ္စတာ ဟိုဖာက ဩစတြီးယား မှာလည်း အီးယူထဲက ထွက်ဖို့ ဗြိတိန် နည်းတူ လူထု ဆန္ဒ ခံယူပွဲ ကျင်းပ ရလိမ့်မယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ