ဒါးလက်စ် တိုက်ခိုက်သူ ဆီမှာ ဖောက်ခွဲရေး ပစ္စည်းတွေ့ရှိ

ဓာတ်ပုံ မူပိုင် Facebook
Image caption ဗုံးလုပ်တဲ့ ဖောက်ခွဲရေး ပစ္စည်း ကရိယာ တွေ၊ ရိုင်ဖယ် သေနတ် နဲ့ ကျည်ဆန် အမြောက်အမြား ကိုလည်း ရှာဖွေ တွေ့ ရှိခဲ့

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် ဒါးလက်စ် မြို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ် တိုက်ခိုက် ခဲ့သူက တစ်ဉီးတည်း စီစဉ် ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံ ဒါးလက်စ် မြို့က ဆန္ဒပြပွဲ အတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦး ပစ်ခတ် တိုက်ခိုက်ခဲ့သူ မိုင်ကာ ဂျွန်ဆင် ရဲ့ အိမ်မှာ တိုက်ခိုက်ရေး နည်းဗျူဟာ စာအုပ် တွေ ရှာဖွေ တွေ့ ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

ဗုံးလုပ်တဲ့ ဖောက်ခွဲရေး ပစ္စည်း ကရိယာ တွေ၊ ရိုင်ဖယ် သေနတ် နဲ့ ကျည်ဆန် အမြောက်အမြား ကိုလည်း ရှာဖွေ တွေ့ ရှိခဲ့ရတယ်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။

ရီပတ်ဘလီကန် ပါတီ က သမ္မတလောင်း ဖြစ်ဖို့ ရေပန်း စားနေတဲ့ ဒေါ်နယ် ထရမ့် က ဒါးလက်စ် မြို့က တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်လို့ တနိုင်ငံ လုံး တုန်လှုပ် ခြောက်ခြား ခဲ့ရပါတယ်။ အမေရိကန် နိုင်ငံသားတွေ အားလုံး လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့ အခွင့်အရေး ရှိကြောင်း ပြောကြား ပါတယ်။

အသက် ၂၅ နှစ် အရွယ် အမေရိကန် စစ်မှုထမ်းဟောင်း မိုက်ကာ ဂျွန်ဆင် ဟာ ဒါးလက်စ် မြို့က ဆန္ဒပြပွဲ အတွင်း ရဲတပ်ဖွဲ့ဝင် ၅ ယောက် ကို စနိုက်ပါ နဲ့ ချောင်းမြောင်း ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

မင်နီဆိုတာ ပြည်နယ်မှာ လူမဲ ၂ ယောက်ကို ရဲတပ်ဖွဲ့က ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ပြီးနောက် ဒါးလက်စ် မြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြပွဲတွေကို ပြုလုပ် ခဲ့ကြတာပါ။