အမေရိကန် သံတမန်တွေကို ရုရှ နှင်ထုတ်

ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ဗဟို ထောက် ထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေ ဝန်ထမ်းတွေလို့ ရုရှ ဘက်က စွပ်စွဲ ထား

ရုရှ နိုင်ငံမှာ ရှိတဲ့ သံရုံး ဝန်ထမ်းတွေ ကို ပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန် ခဲ့ပြီး နောက်မှာ အမေရိကန် သံတမန်တွေကို ရုရှ တာဝန် ရှိသူတွေ က နှင်ထုတ် လိုက် ပါတယ်။

ရုရှ ရဲ တစ်ယောက်က သံရုံ ဝန်ထမ်းတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် သံရုံး ဝန်ထမ်းတွေကို ပြန်လာဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဇူလိုင်လ ၈ ရက်နေ့ သောကြာနေ့မှာ ကြေညာ ခဲ့ပါတယ်။

သံအရာရှိတစ်ဦး နဲ့ နောက်ထပ် သံရုံ ဝန်ထမ်း တို့ဟာ ဗဟို ထောက် ထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေ ဝန်ထမ်းတွေလို့ ရုရှ ဘက်က စွပ်စွဲ ထားပါတယ်။

အမေရိကန် သံရုံး ဝန်ထမ်းတွေဟာ သံတမန် တွေရဲ့ အဆင့်အတန်း နဲ့ မညီညွှတ် တဲ့ ကိစ္စတွေ လုပ်ဆောင် ခဲ့တယ်လို့ ရုရှ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ