တောင်ဆူဒန် အရေး ဘန်ကီမွန်း သတိပေး

south_sudan
Image caption မြို့တော် ဂျူးဘား နေရာ အနှံ့ တိုက်ပွဲတွေ ပြင်းထန်။

တောင်ဆူဒန် နိုင်ငံမှာ လတ်တလော ပြန်လည် ဖြစ်ပေါ် လာပြန်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ အဓိပ္ပာယ် ကင်းမဲ့ သလို၊ လက်သင့် ခံဖွယ်ရာလည်း မရှိဘူး ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြစ်တင် ပြောဆို လိုက်ပါတယ်။

တောင်ဆူဒန် ခေါင်းဆောင်တွေ အနေနဲ့ မိမိတို့ရဲ့ တပ်တွေကို မတိုက်ခိုက် ကြဖို့ အသီးသီး အမိန့် ထုတ်ပါ ဆိုပြီး တော့လည်း မစ္စတာ ဘန်က တိုက်တွန်း ခဲ့ပါတယ်။

သမ္မတ ဆာလ်ဗာ ကီးယာရဲ့ သစ္စာ ခံတပ်တွေနဲ့ ဒုတိယ သမ္မတ ရိခ် မာချာ ရဲ့ နောက်လိုက် တပ်တွေ အကြား ပြီးခဲ့တဲ့ ကြာသပတေး နေ့ ဇူလိုင် ၇ ရက် က စလို့ တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ တိုက်ပွဲ တွေ ပိုမို ပြင်းထန် လာပြီး၊ တောင်ဆူဒန် ရဲ့ မြို့တော် ဂျူးဘား နေရာ အနှံ့အပြားမှာ အကြီးအကျယ် တိုက်ခိုက် ခဲ့ကြပါတယ်။

တနင်္ဂနွေ နေ့ နှောင်းပိုင်း မှာ တောင်ဆူဒန် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစီးအဝေး ကျင်းပဖို့ ခေါ်ယူ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ