အီတလီ ရထား တိုက်မှု အနည်းဆုံး ၂၃ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption အန်ဒရီယာ မြို့အနီးမှာ ရထား ၂ စင်း က လမ်းကြောင်း တစ်ခု ထဲ ပေါ်မှာ ထိပ်တိုက် ရင်ဆိုင် ခဲ့ကြတာ ဖြစ်

အီတလီ နိုင်ငံတောင်ပိုင်းမှာ ရထား ၂ စင်း အရှိန်ပြင်းပြင်း နဲ့ တိုက်မိခဲ့လို့ အနည်းဆုံး လူ ၂၃ ဦး သေဆုံး ခဲ့ပြီး နောက်ထပ် လူ ၅၀ လည်း အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြပါတယ်။

အန်ဒရီယာ မြို့အနီးမှာ ရထား ၂ စင်း က လမ်းကြောင်း တစ်ခု ထဲ ပေါ်မှာ ထိပ်တိုက် ရင်ဆိုင် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိခဲ့ကြသူတွေထဲက လူ တချို့ရဲ့ အခြေအနေက စိုးရိမ်ဖွယ် အနေအထား ရှိတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့ကြတဲ့ လူနာတွေ အတွက် အရေးပေါ် သွေးလိုအပ်နေတယ်လို့ ဒေသဆိုင်ရာ ဆေးရုံတွေက ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ